Posts

ဇဝေဇဝါစိုး တင်းပြီလေ

 

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

Image
  ဖဆပလ၏ တစ်နှစ်အတွင်း လွတ်လပ်ရေးနှင့် ကွန်မြူနစ်တို့၏ အဆုံးသတ်အာဏာသိမ်းရေး ကိုသိန်းဖေ၏ခေါင်းဆောင်မှုကို ဖြုတ်ချခြင်း ကွန်မြူနစ်ပါတီ၏ မြေအောက်ခေါင်းဆောင်မှု ကို စတင်ခဲ့သူမှာ သခင်စိုးဖြစ်သည်။ တရားဝင်မြေပေါ် ပါတီဘဝတွင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုမှာ သခင်စိုး၊ ကိုသိန်းဖေနှင့် သခင်သန်းထွန်းတို့လက်ထဲ တွင် ရှိခဲ့သည်။ သခင်စိုး အိမ်ထောင်ရေးပြဿနာ ရှုပ်ထွေးလာ သောအခါ ပါတီဝင်အဖြစ်မှ ရပ်စဲခံရခြင်း ကြောင့် ခေါင်းဆောင်မှုကျဆင်းသွားသည်။ သခင်စိုး သည် ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကို ပြန်မရနိုင် တော့သောအခါ အလံနီပါတီကို ခွဲထွက်ထူထောင် လိုက်သည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုမှာ သခင်သန်းထွန်းနှင့် ကိုသိန်းဖေ၏ လက်ထဲတွင် ရှိနေလေသည်။ ဖဆပလနှင့် ကွန်မြူနစ်ပါတီတို့ ကွဲခဲ့ကြပြီးနောက် တွင် ကွန်မြူနစ်ပါတီသည် ဘရောက်ဒါဝါဒကို လှည့် မကြည့်တော့ဘဲ အဆုံးသတ်အာဏာသိမ်းရေးလမ်းစဉ် ကိုသာကြွေးကြော်တော့သည်။ လက်နက်ကိုင်ထကြွမှု ကိုသာ အဓိကထားလာသည်။ ပျဉ်းမနားနှင့် ရခိုင် လက်နက်ကိုင်ထကြွမှုများသည် တစ်ပြည်လုံးကို ပျံ့နှံ့ သွားပြီး အဆုံးသတ်အာဏာသိမ်းနိုင်မည်ဟု ထင်လာ ကြသည်။ အိန္ဒိယ ကွန်မြူနစ်ပါတီကလည်း တ...

ပြည်တွင်းသောင်းကျန်းမှုသမိုင်း(အပိုင်း ၁၇)

Image
  နိုင်ငံရေးအင်အားစုများ ကွဲပြားလာခြင်း ဖဆပလ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ ပြန်လည် အုပ်ချုပ်သောအခါ ဖဆပလသည် လွတ်လပ်ရေး ရရှိရန် အစွမ်းကုန် ကြိုးစားလေသည်။ ဖဆပလ အဖွဲ့ သည် နိုင်ငံရေးပါတီပေါင်းစုံပါဝင်သော အဖွဲ့ကြီးဖြစ် ပြီး လွတ်လပ်ရေးကြိုးပမ်းရာတွင် အင်အားအကောင်း ဆုံး ဖြစ်ခဲ့သည်။ ဖဆပလ၏ ပွဲဦးထွက်တိုက်ပွဲမှာ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းရန်ဖြစ်သည်။ ဖဆပလ၏ အပြင်းအထန် အရေးယူ ဆောင်ရွက်ချက်ကြောင့် ဗြိတိသျှနယ်ချဲ့တို့သည် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ လ ၁၅ ရက်တွင် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးခဲ့ ရသည်။ ဖဆပလ၏ တပ်မတော် ရပ်တည်ပိုင်ခွင့် တိုက်ပွဲမှာလည်း အတန်အသင့် အောင်မြင်သည်ဟု ဆိုနိုင်သည်။ ဗြိတိသျှတို့သည် မြန်မာတို့၏ လက်နက် ကိုင်တပ်များက ပြန်လည်တော်လှန်မည်ကို များစွာ စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ဖျက်သိမ်းနိုင်ရန် အမျိုးမျိုး ကြိုးပမ်းခဲ့သည်။ နေသူရိန်ညီလာခံမှ တပ်မတော်အဆို ဆုံးဖြတ်ချက်အရ ဗြိတိသျှတို့သည် ကန္ဒီစာချုပ်ကိုချုပ် ဆို၍ တပ်မတော်ရပ်တည်ပိုင်ခွင့်ကို ပေးခဲ့ရသည်။ ကန္ဒီစာချုပ်အရ တပ်မတော်သည် သီးခြားရပ်တည်ပိုင် ခွင့်၊ လွတ်လပ်ခွင့်များမရှိဘဲ အကန့်အသတ်များဖြင့် ရပ်တည်ခဲ့ရသော်လည်း လုံးဝဖျက်သိမ်...

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၆)

Image
  ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲခြင်း သခင်စိုး၏ အစီရင်ခံစာ တစ်ပြည်လုံး ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဦးဆောင် စည်းရုံးမှုဖြင့် လွတ်လပ်ရေးအတွက် အုံကြွလှုပ်ရှားနေ ကြချိန်တွင် ကွန်မြူနစ်ပါတီမှာမူ ဂိုဏ်းဂဏပြဿနာ များ ပေါ်ပေါက်နေသည်။ ဒုတိယအကြိမ် ပါတီကွန်ဂရက်တွင် ပါတီဝင်အဖြစ်မှ နှစ်နှစ်ရပ်စဲခြင်းခံရ သော သခင်စိုးသည် ပထမပိုင်းတွင် နိုင်ငံရေးမလုပ် တော့ပါ ဟူ၍ ကြွေးကြော်ခဲ့သည်။ သို့သော် သခင်စိုး သည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုပြဿနာတွင် ကိုသိန်းဖေနှင့် သခင်သန်းထွန်းက ဂိုဏ်းဖွဲ့၍ တိုက်ခိုက်သည်ဟု ယူဆထားသည်။ အိန္ဒိယရောက် ကိုသိန်းဖေ နှင့် မြန်မာပြည်မှ သခင်သန်းထွန်းတို့ ပူးပေါင်းပြီး သခင်စိုးကို ဖယ်ရှားသည်။ ခေါင်းဆောင် နေရာ လုသည်ဟု သခင်စိုးကိုယ်တိုင်က ထင်မြင်ယူဆ နေသည်။ ကိုသိန်းဖေနှင့် သခင်သန်းထွန်း ကိုယ်တိုင် မှာမူ သခင်စိုးကို လုံးဝ ပစ်ပစ်ခါခါ မလုပ်ဝံ့ကြပေ။ မြေအောက်လှုပ်ရှားမှုတွင် သခင်စိုးသည် ပါတီဝင် အများအပြားအား ခေါင်းဆောင်မှုပေးနိုင်ခဲ့သူဖြစ် သည်။ ထို့ကြောင့် သခင်စိုးကို ပါတီအား လုံးဝ ကျောခိုင်းမသွားပါရန် ပြန်လည်ချော့မော့စည်းရုံးခဲ့ ကြရသည်။ ဒုတိယအကြိမ် ပါတီကွန်ဂရက်မှ ရွေးချယ်တင် မြှောက်လိုက်သော ဗ...