ပြည်တွင်းသောင်းကျန်းမှုသမိုင်း(အပိုင်း ၁၇)


 


နိုင်ငံရေးအင်အားစုများ ကွဲပြားလာခြင်း


ဖဆပလ

မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ ပြန်လည် အုပ်ချုပ်သောအခါ ဖဆပလသည် လွတ်လပ်ရေး ရရှိရန် အစွမ်းကုန် ကြိုးစားလေသည်။ ဖဆပလ အဖွဲ့ သည်

နိုင်ငံရေးပါတီပေါင်းစုံပါဝင်သော အဖွဲ့ကြီးဖြစ် ပြီး လွတ်လပ်ရေးကြိုးပမ်းရာတွင် အင်အားအကောင်း ဆုံး ဖြစ်ခဲ့သည်။ ဖဆပလ၏ ပွဲဦးထွက်တိုက်ပွဲမှာ

စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းရန်ဖြစ်သည်။ ဖဆပလ၏ အပြင်းအထန် အရေးယူ ဆောင်ရွက်ချက်ကြောင့် ဗြိတိသျှနယ်ချဲ့တို့သည် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ လ ၁၅

ရက်တွင် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးခဲ့ ရသည်။ ဖဆပလ၏ တပ်မတော် ရပ်တည်ပိုင်ခွင့် တိုက်ပွဲမှာလည်း အတန်အသင့် အောင်မြင်သည်ဟု ဆိုနိုင်သည်။

ဗြိတိသျှတို့သည် မြန်မာတို့၏ လက်နက် ကိုင်တပ်များက ပြန်လည်တော်လှန်မည်ကို များစွာ စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ဖျက်သိမ်းနိုင်ရန် အမျိုးမျိုး ကြိုးပမ်းခဲ့သည်။

နေသူရိန်ညီလာခံမှ တပ်မတော်အဆို ဆုံးဖြတ်ချက်အရ ဗြိတိသျှတို့သည် ကန္ဒီစာချုပ်ကိုချုပ် ဆို၍ တပ်မတော်ရပ်တည်ပိုင်ခွင့်ကို ပေးခဲ့ရသည်။ ကန္ဒီစာချုပ်အရ

တပ်မတော်သည် သီးခြားရပ်တည်ပိုင် ခွင့်၊ လွတ်လပ်ခွင့်များမရှိဘဲ အကန့်အသတ်များဖြင့် ရပ်တည်ခဲ့ရသော်လည်း လုံးဝဖျက်သိမ်းခြင်းခံရမည့် ဘေးအန္တရာယ်မှမူ

ကင်းဝေးခဲ့ရလေသည်။

ဗြိတိသျှ စစ်အုပ်ချုပ်ရေးစနစ်သည် မြန်မာ့နိုင်ငံ ရေးခေါင်းဆောင် အမြောက်အမြားအား ရာဇဝတ်မှု များဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ရာ ဖဆပလက ဆိုင်ရာ

အာဏာပိုင်တို့အား ပြင်းထန်စွာ ကန့်ကွက်အရေးဆို သဖြင့် နိုင်ငံရေးသမားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိ ခဲ့သည်။ ဖဆပလအဖွဲ့ကြီးသည် စစ်ဘေးဒုက္ခသည်

ထောက်ပံ့ရေးအဖွဲ့ကို ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက် တွင် စတင်ဖွဲ့စည်း၍ လှုပ်ရှားခဲ့ရာ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် စစ်တောင်းကမ်းခြေ အတွက်

ငွေ ၄ဝဝဝ ကျပ်၊ သံဖြူဇရပ်အလုပ်သမား များအတွက် ငွေ ၄ဝဝဝ ကျပ်၊ တော်လှန်ရေးတွင် ကျဆုံးဒဏ်ရာရသော ရဲဘော်များအတွက် ငွေ ၂၇ဝဝ ကျပ်

လှူဒါန်းနိုင်ခဲ့သည်။

သို့သော် ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်၊ အစိုးရအာဏာ အများအပြားကို ဖဆပလ က ရရှိရန် ကြိုးပမ်းမှုကိုမူ နယ်ချဲ့အစိုးရက ခွင့်မပြု သဖြင့် အောင်မြင်မှု မရရှိခဲ့ပေ။

နယ်ချဲ့အစိုးရသည် အလိုတော်ရိများသာပါဝင်သော ဆာပေါ်ထွန်းအစိုးရ ကိုသာ အာဏာအချို့အဝက် လွှဲပေးခဲ့သည်။

ဖဆပလ အဖွဲ့ချုပ်၏ ပထမဆုံး ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးကို ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်တွင် ရွှေတိဂုံစေတီတော်၌ ကျင်းပခဲ့သည်။

ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံရေး

(ခ) နိုင်ငံပြန်ထူထောင်ရေးနှင့် နိုင်ငံသစ်ဖန်တီးရေး

(ဂ) ပြည်သူ့ဝန်ထမ်းလုပ်ငန်း

(ဃ) စီးပွားရေးလုပ်ငန်း

(င) စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားကိစ္စ

(စ) စက်မှုလက်မှုနှင့် အလုပ်သမားကိစ္စ

ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေး အတွက် တိုက်ပွဲနည်းပရိယာယ်နှစ်သွယ်ကို ချမှတ်ခဲ့ ရာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ဒီမိုကရေစီအခွင့်အရေးတိုက်ပွဲ

(၂) လက်နက်ကိုင်တိုက်ပွဲ

ဒီမိုကရေစီအခွင့်အရေးတိုက်ပွဲမှာ အနုနည်းနှင့် ဆင်နွှဲရန်ဖြစ်သည်။ လူထု၏အင်အားနှင့် တောင်းဆို ချက်များကို တင်ပြရန်၊ အကြမ်းမဖက်သောနည်းဖြင့်

တိုက်ပွဲဝင်ရန်ဖြစ်သည်။ ဖဆပလအဖွဲ့ကြီးသည် အနု နည်းနှင့်မရပါက လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲရန် ပြင်ဆင်ထားခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲအတွက်

အဓိကအင်အားမှာ တပ်မတော်နှင့် ပြည်သူ့ရဲဘော် အဖွဲ့ချုပ်ဂ တို့ ဖြစ်သည်။ ပထမအဆင့် ခြေလှမ်းမှာ နယ်ချဲ့အလိုတော်ရိ အစိုးရဖြစ်သည့် ဆာပေါ်ထွန်း

အစိုးရပြုတ်ကျရေးပင် ဖြစ်သည်။ ဖဆပလသည် သပိတ်များ၊ ဆန္ဒပြပွဲများကို ဦးဆောင်ကျင်းပ၍ လူထု တိုက်ပွဲများ ဆင်နွှဲခဲ့သည်။

ကွန်မြူနစ်ပါတီများ

ကိုသိန်းဖေနှင့် သခင်သန်းထွန်းခေါင်းဆောင် သော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် သခင်စိုးခေါင်း ဆောင်သော ကွန်မြူနစ်ပါတီဗမာပြည်(အလံနီပါတီ) တို့

ကွဲသွားပြီးနောက် သခင်သန်းထွန်းသည် နှစ်ပါတီ ပြန်ပေါင်းရေးကို စိတ်ဝင်စားခဲ့သည်။ သခင်သန်းထွန်း ကွန်မြူနစ်ပါတီသည် အလံနီပါတီကို မတရားအသင်း

ကြေညာခံရသောအခါ ဆန္ဒပြ၍ ကန့်ကွက်ခဲ့သည်။ သခင်စိုးကို ပြန်ပေါင်းရန်လည်း နားချခဲ့သည်။ သို့သော် သခင်စိုးတို့လူစုကမူ ပြန်ပေါင်းရန် စိတ်မဝင်

စားခဲ့ကြပေ။

အချောင်သမားနှင့် ကင်းရှင်းရေးလမ်းစဉ် ကိုသာ တရားသေဆုပ်ကိုင်ထားပြီး ဆူပူအုံကြွမှုများကို ဆောင်ရွက်ခဲ့သည်။ မတရားအသင်း ကြေညာခံရပြီး

သောအခါတွင် အလံနီပါတီသည် တောခို၍ မြေ အောက်လှုပ်ရှားမှုများကိုသာ ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံရေး ဆူပူသောင်းကျန်းမှုများကို ဆောင်ရွက်နိုင်

ခဲ့သော်လည်း စစ်ရေးအရမူ ဗြိတိသျှနယ်ချဲ့တို့အား ထူးခြားစွာ အန်တုတော်လှန်နိုင်ခြင်း မရှိခဲ့ပေ။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖဆပလတွင် ပါဝင်နေသော်လည်း ဖဆပလ၏အရေးထက် ပါတီ၏ အရေးကိုသာ ဦးစားပေးလျက်ရှိသည်။ ဖဆပလအား

လွှမ်းမိုးနိုင်ရန်လည်း နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ်ညီလာခံကြီးတွင်လည်း ဖဆပလ ဥက္ကဋ္ဌ

နေရာအတွက် ဗြိတိသျှအလိုတော်ရိများက ဦးဘဘေ ကို တင်ရန် ကြိုးစားသကဲ့သို့ ကွန်မြူနစ်များကလည်း သခင်သန်းထွန်းနှင့် ကိုသိန်းဖေကို အပြိုင်တင်ရန်

ကြိုးစားခဲ့သည်။ သို့သော် အရပ်ရပ်မှတက်ရောက်လာ သော ဖဆပလကိုယ်စားလှယ် ၃ဝဝဝ နှင့် ပရိသတ် တစ်သိန်းခန့်က ဗိုလ်ချုပ်အောင်ဆန်းကိုသာ ဖဆပလ

ဥက္ကဋ္ဌ အဖြစ် တစ်ခဲနက် ထောက်ခံရွေးချယ်ခဲ့ ကြသည်။

သခင်သန်းထွန်း သည် ဥက္ကဋ္ဌ နေရာ မရနိုင်တော့ သောအခါ ဖဆပလ အထွေထွေအတွင်းရေးမှူးရာထူး မှ နုတ်ထွက်၍ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး

အဖြစ် ဆောင်ရွက်တော့သည်။ ဆိုရှယ်လစ်ပါတီ မှ ဦးကျော်ငြိမ်းသည် ဖဆပလ အထွေထွေအတွင်းရေး မှူးဖြစ်လာပြီး သိန်းဖေသည် တွဲဖက်အထွေထွေအတွင်းရေးမှူး

ဖြစ်လာသည်။

သခင်သန်းထွန်းသည် ကွန်မြူနစ်ပါတီခေါင်း ဆောင်မှုကို ချုပ်ကိုင်လာနိုင်သောအခါ နှစ်ပါတီ ပူးပေါင်းရေးကို ပထမဆုံး ဆောင်ရွက်လာသည်။ သို့သော် သခင်စိုး၏

အလံနီပါတီနှင့် သခင်သန်းထွန်း ၏ပါတီတို့သည် နိုင်ငံရေးအယူအဆကအစ သဘော ထားကွဲလွဲလာပြီဖြစ်ရာ ပြန်လည်ပေါင်းစည်းရေးတွင် များစွာ အခက်အခဲဖြစ်၍

နေသည်။

သခင်စိုး၏ ဝေဖန်ရေးအစီရင်ခံစာတွင် အခြေခံ ယူရမည့် လူတန်းစားလေးမျိုးကို အောက်ပါအတိုင်း သတ်မှတ်ခဲ့သည် -

(က) ပစ္စည်းမဲ့လူတန်းစား၊

(ခ) လယ်သမားလူတန်းစား၊

(ဂ) ပညာတတ်လူတန်းစား၊

(ဃ) မြို့နေ ဒီမိုကရေစီလိုလားသည့် လူထုများ ဖြစ်သော လက်မှုပညာသည်များ၊ လုပ်သား ထုများ၊ လူလတ် အောက်တန်းစားများ၊

၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပရာ သခင်သန်းထွန်းက အစီရင်ခံစာတစ်စောင်

တင်သွင်းသည်။ သခင်သန်းထွန်း၏ လူတန်းစား သတ်မှတ်ချက်မှာ စတာလင်နှင့် မော်စီတုံးတို့၏ အဆိုအမိန့်ကို ကိုးကားပြီး ပညာတတ်လူတန်းစားကို

ချန်လှပ်ခဲ့သည်။

(က) ပစ္စည်းမဲ့လူတန်းစား၊

(ခ) တောင်သူလယ်သမားလူတန်းစား၊

(ဂ) မြို့နေ၊ တောနေ ဒီမိုကရေစီလိုလားသော လူလတ်တန်းစား၊ (Democratic Petty Bourgeois)

သခင်သန်းထွန်းက ပညာတတ်လူတန်းစားဆို သည်မှာ လူတန်းစားမဟုတ်။ အလွှာတစ်ခုသာဖြစ်သည် ဟု ဆိုသည်။ ကွန်မြူနစ်ပါတီ၏ လုပ်ငန်းစဉ်ကိုလည်း

အောက်ပါအတိုင်း ဖော်ပြထားသည်။

(က) ဗြိတိသျှနယ်ချဲ့စနစ်လက်အောက်မှ ဗမာ ပြည်သည် လုံးဝလွတ်လပ်ရေးရရှိရန်နှင့်

(ခ) ဗမာပြည်ရှိ တိုင်းရင်းသားအားလုံးတို့သည် မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ခွင့်ရှိပြီး အားလုံး သဘောတူလွတ်လပ်စွာ ဒီမိုကရေ စီသစ်ဗမာနိုင်ငံကို

ထူထောင်ကြရန် ဖြစ်ပေ သည်။

သခင်သန်းထွန်း၏ အစီရင်ခံစာတွင် ကွန်မြူနစ် တစ်ပါတီတည်းရှိရေးကို ဖော်ပြ၍ အလံနီများနှင့် ညီñွတ်ရေးတည်ဆောက်ရန် ကြိုးပမ်းထားသည်။

ဗဟိုကော်မတီအစည်းအဝေးကျင်းပသော ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် ဖဆပလကို ဘုရင်ခံနှင့် စေ့စပ်ရန် အချက်အချို့ကို တင်ပြထားသေးသည်။

ဖဆပလနှင့် ဘုရင်ခံတို့ ဆွေးနွေးပွဲကျင်းပရန်၊ ဖဆပလ ကို ဘုရင်ခံ၏အစိုးရထဲဝင်ရန်လည်း တိုက်တွန်း ဆော်ဩထားသည်။ ဖဆပလကိုယ်စားလှယ်များနှင့်

ဖဆပလတွင် မပါဝင်သည့် နိုင်ငံရေးသမားများကို စုဝေး၍ နိုင်ငံရေးကွန်ဖရင့်တစ်ရပ် ကျင်းပရန်လည်း လှုံ့ဆော်ခဲ့သည်။

၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်တွင်ကား သခင်သန်းထွန်းက ဗိုလ်ချုပ်အောင်ဆန်းအား အောက်ပါအတိုင်း စာရေးခဲ့သည် -

'ယနေ့ စီအယ်လ်အေ(ရှားပါးစရိတ်)တိုက်ပွဲ များသည် ထက်မြက်သော စီးပွားရေးတိုက်ပွဲများသာ ဖြစ်ရာ နိုင်ငံရေးအာဏာသိမ်းရေးတိုက်ပွဲများနှင့်

မရှုပ်ထွေးစေသင့်ချေ။ ပုလိပ်သပိတ်နှင့် စာတိုက် သပိတ်များသည် အခြေအနေကို ပြောင်းပစ်လိုက်သည် ကား မှန်၏။ (အရေအတွက်မှ အရည်အချင်းသို့

ပြောင်းလဲခြင်း၏ ဥပမာတစ်ရပ်) သို့ရာတွင် တိုက်ပွဲ များ၏အခြေခံမှာ စီးပွားရေးခေါင်းဆောင်များက သပိတ်များကြောင့် ဖြစ်ပေါ်လာသော အခြေအနေကို

အသုံးပြုရမည်မှန်သော်လည်း (နိုင်ငံရေးတောင်းဆို ချက်များကို တင်ပြရမည်ဖြစ်သော်လည်း) သပိတ် မှောက်ခေါင်းဆောင်တို့သည် သပိတ်များသည်

နိုင်ငံရေးသပိတ်များဖြစ်လေဟန် ကြီးကြီးကျယ်ကျယ် လက်ဝဲဆန်သော နိုင်ငံရေးစကားများ မပြောစေ အပ်ချေ'

သခင်သန်းထွန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလမှ ဦးဆောင်ဆင်နွှဲနေသော အထွေထွေအမှုထမ်းပေါင်းစုံသပိတ်ကြီးကို ပုတ်ခတ်ဝေဖန်လိုက်ခြင်း ဖြစ်သည်။

ကွန်မြူနစ်ပါတီသည် ဖဆပလတွင် ပါဝင် သည့်အလျောက် သပိတ်တွင်လည်း ပါဝင်ခဲ့သည်။ သို့သော် ကွန်မြူနစ်ပါတီက စက်တင်ဘာအရေးတော် ပုံခေါ် အထွေထွေ

အမှုထမ်းပေါင်းစုံသပိတ်ကြီးကို နိုင်ငံရေးတိုက်ပွဲဟု မသတ်မှတ်ဘဲ စီးပွားရေးတိုက်ပွဲ အဖြစ် နှိမ့်ချ၍ သတ်မှတ်လိုက်သည်။ သို့သော် သပိတ် ကြီးမှစ၍

တစ်ပြည်လုံးတွင် ဆူပူသောင်းကျန်းမှုများ ပျံ့နှံ့သွားစေရန်ကား သွေးထိုးဆောင်ရွက်ပေးခဲ့သည်။ ဖဆပလမှာမူ အထွေထွေသပိတ်အရှိန်ဖြင့် ရွေးကောက် ပွဲ

အမြန်ဆုံးကျင်းပရန် ပြင်းပြင်းထန်ထန် အရေးဆိုနေ သည်။ ဘုရင်ခံအစိုးရသည် ဖဆပလကို အာဏာအပ် နှင်းရေးထက် အလိုတော်ရိများကို ပွဲထုတ်ရန်သာ

ကြိုးစားနေသည်။

စစ်အတွင်းတစ်လျှောက်လုံး ယူဂန္ဓာ နိုင်ငံတွင် အကျယ်ချုပ်ဖြင့်နေခဲ့ရသည့် ဂဠုန်ဦးစော ကို မြန်မာပြည်သို့ ပြန်ပို့ပေးပြီး နိုင်ငံရေးလောကသို့ ဝင်စေသည်။ ဂျပန်ပြည်

ဆူဂါမိုထောင်ထဲရောက်နေ သော ဒေါက်တာဘမော်ကိုလည်း ပြန်ခေါ်သည်။ စင်ကာပူတွင်ရောက်နေသော သခင်ထွန်းအုပ်ကိုလည်း ပြန်ခေါ်၍ ဘုရင်ခံကောင်စီလာ

လူကြီးခန့်သည်။ သခင်ထွန်းအုပ်က ဖဆပလကို ပြင်းထန်စွာ ဝေဖန် သည်။

ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က ဘီအိုင်အေ စစ်ချီစဉ် ဗိုလ်ချုပ်အောင်ဆန်းသည် သေဒဏ်စီရင်ခဲ့ သည်ဟု ဖော်ထုတ်ပြောကြားရာ ဘုရင်ခံက ဗိုလ်ချုပ် ကို

ရာဇဝတ်ကြောင်းအရ ဖမ်းဆီးတရားစွဲရန် စဉ်းစား လာသည်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလကို ဖြိုခွင်းရန် မအောင်မြင်သောအခါ ဘုရင်ခံ

ဆာဒေါ်မန်စမစ်သည် ခွင့်ဖြင့် ပြန်သွားရပြီး မေဂျာ ဂျင်နရယ်ရန့်စ် (ဆာဟူးဘတ်စ်ရန့်စ်) ဘုရင်ခံဖြစ်လာ သည်။ သို့သော် ဘုရင်ခံသစ်သည်လည်း မထိန်းနိုင် တော့ဘဲ

ဆာပေါ်ထွန်း၏ အလိုတော်ရိအစိုးရ (ဘုရင်ခံ အမှုဆောင်ကောင်စီလာအဖွဲ့)သည် ပြုတ်ကျသွားရ တော့၏။

လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများ

ဆာပေါ်ထွန်းအစိုးရ ပြုတ်ကျသွားသောအခါ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဖဆပလ ကြားဖြတ်အစိုးရ တက်လာသည်။ ဤသို့တက်လာရ ခြင်းမှာ

ကွန်မြူနစ်ပါတီ၏အကြံပေးချက်လည်း ပါဝင် သည်။ ကိုသိန်းဖေ ကိုယ်တိုင် ဖဆပလ ကြားဖြတ် အစိုးရတွင် ဝန်ကြီးတစ်နေရာ ရရှိထားသည်။ ဗိုလ်ချုပ်

အောင်ဆန်းအစိုးရသည် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ လ ၂၇ ရက်တွင် တက်လာပြီးနောက် စက်တင်ဘာလ ၂၉ ရက်တွင် စက္ကူဖြူစာတမ်း ဖျက်သိမ်းပေးရန် တစ်ခဲနက်

ဆန္ဒပြပွဲကြီးကို ဦးဆောင်ကျင်းပခဲ့သည်။ ကွန်မြူနစ်များသည် ထိုဆန္ဒပြပွဲကြီးကို ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆင်နွှဲကြသည်။

တစ်ပြည်လုံးတွင်ကား ကွန်မြူနစ်ပါတီ၏ သွေး ထိုးပေးမှု၊ နယ်ချဲ့တို့၏ ဖိနှိပ်မှုတို့ကြောင့် ဆူပူမှုများ ပျံ့နှံ့နေပြီ ဖြစ်သည်။ ကွန်မြူနစ်-ဆိုရှယ်လစ်ပဋိပက္ခ

များ၏ဂယက်၊ ကွန်မြူနစ်-ဖဆပလပဋိပက္ခ၊ ကွန်မြူနစ် နှစ်ပါတီပဋိပက္ခများ၏ ဂယက်သည် တစ်ပြည်လုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ ရေနံမြေတွင် ကွန်မြူနစ်များက

ဆူပူသောင်းကျန်းကြရာ ဗိုလ်မှူးကြီးနေဝင်း၏ တပ်ရင်း (၄)သည် လက်နက်ကိုင်ပဋိပက္ခမဖြစ်ပေါ်လာစေရေး အတွက် သိမ်မွေ့စွာ ထိန်းခဲ့ကြရသည်။ ဆိပ်ဖြူမှ

ကွန်မြူနစ် အငတ်တပ်ဖွဲ့များကိုလည်း တပ်ရင်း(၄)က ပင် အကာအကွယ်ပေးခဲ့ရသည်။ ဗြိတိသျှတို့၏ ကြောင်နက်တပ်ဖွဲ့ကမူ ဆူပူမှုများကို ခပ်ကြမ်းကြမ်းပင်

နှိမ်နင်းခဲ့သည်။

ပျဉ်းမနားနယ်၏ နိုင်ငံရေးအကွဲဂယက်မှာ အပြင်းထန်ဆုံးပင် ဖြစ်သည်။ ကွန်မြူနစ်လက်နက်ကိုင် တပ်များ နှင့် ပြည်သူ့ရဲဘော်များမှာ ရန်စောင်နေကြ သည်။

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)၏ လက်နက်ကိုင် တပ်ဖွဲ့မှာ ကွန်မြူနစ်များဖြစ်နေသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ လက်နက်ကိုင်များနှင့် အလံနီတို့သည် မကြာခဏ

တိုက်ခိုက်ကြသည်။ တစ်ခါတစ်ရံ ပြည်သူ့ ရဲဘော်များလည်း တိုက်ပွဲတွင် ပါလာသည်။ အင်္ဂလိပ် ကြောင်နက်တပ်ဖွဲ့က ရမ်းကားသဖြင့် တောခိုသူတွေ လည်း ရှိသည်။

ဗိုလ်မှူးကြီးနေဝင်းသည် တပ်ရင်း(၄)နှင့်အတူ ပျဉ်းမနားသို့ ရောက်ရှိလာသည်။ ထို့နောက် ပြည်သူ့ ရဲဘော်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ဗိုလ်တာရာ၊

ဗိုလ်တောက်ထိန်တို့နှင့်လည်း တွေ့ဆုံ သည်။ ပဋိပက္ခများကို စေ့စပ်ဖြေရှင်းသည့် အခိုက် အတန့်သာ ပြေလည်ရသော်လည်း လုံးလုံးလျားလျား ပြေလည်မှုကား

မရခဲ့ပေ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ (ကောင်စီ လာလူကြီးများ)တွင် ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်း၊ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ သခင်မြ၊

ကွန်မြူနစ်ခေါင်းဆောင် ကိုသိန်းဖေ၊ ဗြိတိသျှအလိုတော်ရိ အစိုးရအဖွဲ့ဝင်ဟောင်း ဦးဘဘေ၊ ကရင်ခေါင်းဆောင် မန်းဘခိုင်၊ ရခိုင်ခေါင်းဆောင် ဦးအောင်ဇံဝေ၊

ဗြိတိသျှအလိုတော်ရိ ဆာဂျေအေမောင်ကြီးနှင့် အငြိမ်း စား အိုင်စီအက်စ် ဦးတင်ထွဋ်တို့ ပါဝင်သည်။ ဗြိတိသျှ တို့က သခင်ဗစိန်ကိုလည်း ထည့်သွင်းခန့်အပ်သည်။

နိုဝင်ဘာလတွင် ဂဠုန်ဦးစော၊ ပျော်ဘွယ်ဦးမြနှင့် စောဘဦးကြီးတို့ကိုလည်း ထပ်မံ၍ ဘုရင်ခံကောင်စီ လာအဖြစ် ခန့်အပ်လိုက်ပြန်သည်။ ကြားဖြတ်အစိုးရ အဖွဲ့မှာ

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည် မှန် သော်လည်း နယ်ချဲ့အလိုတော်ရိများလည်း ပါဝင် သည်။ ကွန်မြူနစ်များလည်း ပါဝင်သည်။ မည်သို့ပင် ဆိုစေ

ဗိုလ်ချုပ်အောင်ဆန်း၏အစိုးရအဖွဲ့သည် မြန်မာ များသာ ပါဝင်သည်။ ဘုရင်ခံက ကောင်စီလာ ဥက္ကဋ္ဌ ဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ ဥက္ကဋ္ဌ အဖြစ်

ဆောင်ရွက်ရသည်။ ဘုရင်ခံသည် ပါးနပ်စွာ ဖြင့် ဆူပူမှုများကို ဖြေရှင်းရန် ဗိုလ်ချုပ်အစိုးရအပေါ် သို့သာ လွှဲချလိုက်တော့၏။

ဗိုလ်ချုပ်အစိုးရသည် သပိတ်များကို လှန်နိုင်ရန် ကြိုးစားရတော့သည်။ ဆူပူမှုများကို ဖြေရှင်းပြီး လွတ်လပ်ရေးတိုက်ပွဲသို့ ဦးတည်နိုင်ရန်လည်း ကြိုးစား ရသည်။

ဆူပူမှုများကို ဖြေရှင်းရသော ဗိုလ်ချုပ် အောင်ဆန်းအစိုးရသည် ဆူပူမှုများကို ဖန်တီးသော ကွန်မြူနစ်များနှင့် ထိပ်တိုက်တွေ့လာသည်။ ထိုအချိန် တွင်

ကွန်မြူနစ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလကို အမျိုးမျိုးပုတ်ခတ်၍ လာလေပြီ။

ရခိုင် နိုင်ငံရေးအခြေအနေ (ဦးစိန္တာနှင့် မူဂျာဟစ်လက်နက်ကိုင်များ)

ဖဆပလ၊ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီတို့ ၏ ပဋိပက္ခများသည် ရခိုင်တိုင်းသို့လည်း ဂယက်ရိုက် ခဲ့သည်။ ရခိုင်ခေါင်းဆောင်များဖြစ်သော ဦးပညာသီဟ၊

ဦးစိန္တာ၊ ဦးညိုထွန်း၊ ဦးနာရဒ၊ ဗုံပေါက်သာကျော် စသည့် ပုဂ္ဂိုလ်များသည် အင်္ဂလိပ် တပ်များ ပြန်ရောက် လာသောအခါ လက်နက်ခဲယမ်းများကို သိုဝှက်ထားခဲ့

ကြသည်။ စစ်ကျန်စစ်လက်နက်ပစ္စည်းများကိုလည်း ဝယ်ယူစုဆောင်းကြသည်။ ရခိုင်ခေါင်းဆောင်များ၏ ဆန္ဒမှာ အင်္ဂလိပ် ကို လိုအပ်လျှင် တော်လှန်နိုင်ရန်

ပြင်ဆင်ခြင်းပင် ဖြစ်သည်။ သို့သော် စစ်ကြီးပြီးဆုံး သွားချိန်တွင် ရခိုင်ခေါင်းဆောင်များသိုဝှက်ထားသည့် လက်နက်များမှာ လက်နက်ပုန်းများဖြစ်လာပြီး

ထိန်းသိမ်းရန်လည်း ခက်ခဲလာသည်။ ထို့အပြင် ဖဆပလနှင့် ကွန်မြူနစ်ပဋိပက္ခသည် ရခိုင်သို့ ဂယက် ရိုက်လာသည်။ ဦးပညာသီဟက ရခိုင်တိုင်း ဖဆပလ

ကိုခေါင်းဆောင်ခဲ့ရာ ဦးစိန္တာ၊ ဗုံပေါက်သာကျော်တို့နှင့် အယူအဆကွဲပြားလာသည်။ ဗုံပေါက်သာကျော်သည် မာ့ခ်စ်ဝါဒီတစ်ဦးဖြစ်လာပြီး ကွန်မြူနစ်ပါတီဝင် ဖြစ်

လာသည်။ ထို့နောက် ဆိုရှယ်လစ်ပါတီသို့ ပြောင်းပြန် သည်။

ဆာပေါ်ထွန်းနှင့် ဆာထွန်းအောင်ကျော်တို့မှာ ရခိုင်အမျိုးသားများဖြစ်သည်။ သို့သော် ရခိုင်အခြေ အနေကို ဆာပေါ်ထွန်းသည်လည်း ငြိမ်သက်အောင်

မကိုင်တွယ်နိုင်ခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြ သည် ၁၉၄၆ ခုနှစ်၊ မတ်လ ၆ ရက်တွင် တောင်ကုတ် သို့ရောက်ရှိလာပြီး အစည်းအဝေးပြုလုပ်ခဲ့သည်။

ထို့နောက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမြို့များတွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊

လွတ်လပ်ရေးတို့ ကို လှည့်လည်ဟောပြောခဲ့သည်။ ရခိုင်တိုင်း ဖဆပလ ညီလာခံကို ၁၉၄၆ ခုနှစ်၊ ဧပြီလ ၆ ရက် စစ်တွေအနီး တောကံတွင်ကျင်းပရာ လူ ၄ဝဝဝဝ

တက်ရောက်ပြီး ဦးပညာသီဟက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးစိန္တာနှင့် ဗုံပေါက်သာကျော်တို့၏ လက်နက် ကိုင်တပ်မှာ တဖြည်းဖြည်း အင်အားကောင်း၍လာ သည်။ ဦးပညာသီဟ၏ ဖဆပလနှင့်လည်း တဖြည်း ဖြည်း ပဋိပက္ခ

ပိုမိုကြီးထွား၍လာသည်။ ထိုအချိန်တွင် မူဂျာဟစ်များကလည်း ဆူပူသောင်းကျန်းနေကြပြီ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်တကောင်း

ခေါ်တောကုလားများသည် အင်္ဂလိပ် တပ်များနှင့်အတူ ရခိုင်ဒေသသို့ အမြောက်အမြား လိုက်ပါလာကြသည်။ ဘူးသီးတောင်၊ မောင်တောဒေသမှာ မွတ်စလင်တို့

ကြီးစိုးရာဒေသဖြစ်လာပြီး ရခိုင်များကို တိုက်ခိုက် မောင်းနှင်ထုတ်ခြင်းများ လုပ်လာပြန်သည်။ ရခိုင် ဒုက္ခသည်များအား စစ်တပ်အကူအညီဖြင့် ပြန်ပို့သေး သော်လည်း

ခေါ်တောများက လက်မခံဘဲ အနုနည်း၊ အကြမ်းနည်းများဖြင့် ပြန်လည်မောင်းထုတ်ကြသည်။

ခေါ်တောမွတ်စလင်များက ယင်းတို့၏လူမျိုး အမည်ကို ရိုဟင်ဂျာဟုခေါ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသအား သီးခြားမွတ်စလင်နယ်မြေ ဖြစ်ထိုက်သည်ဟု

တောင်းဆိုလာသည်။ ရိုဟင်ဂျာလူမျိုး သည် မြန်မာမင်းများလက်ထက်ကတည်းက နေထိုင် ခဲ့သော လူမျိုးဖြစ်သည်ဟု ဝါဒဖြန့်ပြီး ဒေသခံ

တိုင်းရင်းသားအဆင့်မျိုးရအောင် တောင်းဆိုလာကြ သည်။ တောင်းဆိုချက်များကို ဂျမီးရာတူဦးလိမာ အမည်ရှိ ဘာသာရေးအဖွဲ့ကဲ့သို့သော အဖွဲ့များက

တောင်းဆိုခြင်းဖြစ်ပြီး ရခိုင်-မြန်မာ အရာရှိများကို လည်း နှောင့်ယှက်လာကြသည်။ ထို့နောက် ဂျမီးရာတူ ဦးလိမာအဖွဲ့သည် မူဂျာဟစ်အမည်ရှိ လျှို့ဝှက်

လက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ မူဂျာဟစ် အဖွဲ့ကို အဗ္ဗဒူ(လ်)ကာဆင်ဆိုသူက ခေါင်းဆောင်ပြီး ရခိုင်မြောက်ပိုင်းတွင် ကြီးစိုးလာသည်။ ရခိုင်တောင်

ပိုင်းတွင်ကား ဦးစိန္တာ၏ ပြောက်ကျားအဖွဲ့များ ကြီးစိုး နေသည်။ ဤသို့ဖြင့် လွတ်လပ်ရေးမရမီကပင် ရခိုင် ဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် ဆူပူ

လှုပ်ရှားနေကြလေပြီ။ 

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)