CRPH, NUG အကြမ်းဖက်အဖွဲများနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲအစည်းများသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
နေပြည်တော်၊ အောက်တိုဘာ ၉ MNP
CRPH, NUG အကြမ်းဖက်အဖွဲများနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲအစည်းများသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုင်ငံခြားသံရုံးများမှ သံတမန်အချိုနှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲအစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းအရင်းအမြစ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက်အဖွဲအစည်းများထံမှရရှိသော လိုရာဆွဲသည့်စွပ်စွဲချက်များ၊ မှန်ကန်မှုမရှိသော တစ်ဖက် သတ် သတင်းအချက်အလက်များအပေါ် အခြေခံကာ ဝေဖန်ပြောကြားချက်များ/ ကြေညာချက်များ ထုတ်ပြန်နေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကြားသိတွေ့ရှိရသည်။ ထိုပြင် ပြည်ပ နိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချိုတိုသည်လည်း တရားမဝင် အဖွဲအစည်းနှင့် အကြမ်းဖက်အဖွဲအစည်းများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို၏လက်အောက်ခံအဖွဲများမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ် အတည်ပြုခြင်းတိုကို ပြုလုပ်လျက်ရှိကြကြောင်း တွေ့ရှိရသည်။
အထက်ဖော်ပြပါ အခြေအနေများနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များအနေဖြင့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ထိတွေ့ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အုပ်စုများကို သက်ဆိုင်ရာနိုင်ငံများ၌ ရုံးခန်းဖွင့်လှစ်ခွင့်ပြုခြင်းစသည့် လုပ်ရပ်များသည် အကြမ်းဖက်ဝါဒကို အားပေးရာရောက်သည့်အပြင် မြန်မာနိုင်ငံ၌ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် ရာလည်း ရောက်သည့်အချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား ထောက်ပြ လိုသည်။ ထိုပြင် အဆိုပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သံရုံးများနှင့် ကုလသမဂ္ဂရုံးများ၊ အဆိုပါ အကြမ်းဖက် အုပ်စုများနှင့် ဆက်သွယ်သည့်နိုင်ငံများမှ သက်ဆိုင်ရာအာဏာပိုင်များထံသို ပြင်းထန်စွာ ကန့်ကွက်ခြင်း၊ ၎င်းတို၏နယ်မြေများကို အသုံးပြု၍ မြန်မာနိုင်ငံအပေါ် တရားမဝင်လှုပ်ရှားမှုများ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သည့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ယင်းတို၏ ဆက်စပ်အဖွဲများကို ထိတွေ့ဆက်သွယ်ခြင်းမပြုရန်၊ ထောက်ခံအားပေးခြင်းမပြုရန်နှင့် အဆိုပါ အကြမ်းဖက်သမားများနှင့် ၎င်းတို၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးခြင်းနှင့် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းတိုအပါအဝင် လိုအပ်သည့် တားဆီးမှုအစီအမံများ ဆောင်ရွက်ပေးရန် အတွက် ထပ်တလဲလဲ အသိပေးတိုက်တွန်းခဲ့သည့် တရားဝင်အကြောင်းကြားစာ ပေးပိုခဲ့မှုများ ကိုလည်း ထပ်လောင်းရည်ညွန်းသည်။
အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို၏ အသွင်သဏ္ဍာန်မျိုးစုံကို ရှုတ်ချသည့် မြန်မာ နိုင်ငံ၏ တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်လောင်းဖော်ပြလျက် အကြမ်းဖက်မှုကျူးလွန်သူများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအတည်ပြုသည်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတိုကို လျစ်လျူရှုခြင်း မပြုကြရန်နှင့် အကြမ်းဖက် မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
#MyanmarNationalPost