Get link Facebook X Pinterest Email Other Apps 10/15/2021 07:20:00 PM အမြန်လမ်း17မိုင်မှာLight Truckကမှောက်တော့ Taxiကားကဝင်ကူညီနေတုန်း နောက်ကားတစ်စီးကထပ်မံဝင်တိုက်ပြီးလူ4 ယောက်သေဆုံး😪မိုးရွာရင်သတိထားပြီးမောင်းကြပါခင်ဗျ။Oct 15#Ko Tin Tun Win Get link Facebook X Pinterest Email Other Apps
ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈) 10/12/2021 07:29:00 PM မြေအောက်ပါတီဝင်များတိုးပွားလာခြင်း ၁၉၄၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ဒေါက်တာ ဘမော်၏ ရုပ်သေးအစိုးရအဖွဲ့ ဖွဲ့စည်းသည်။ ယင်း အစိုးရအဖွဲ့တွင် ဒေါက်တာဘမော်က ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ပြီး သခင်မြမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ သခင်သန်းထွန်းသည် မြေနှင့်လယ်ယာ စိုက်ပျိုးရေးဌာန ဝန်ကြီးဖြစ်သည်။ ထိုအချိန်တွင် သခင်စိုးနှင့် သခင်တင်မြသည် သခင်တင်ရွှေနှင့် ကိုသိန်းဖေ(သိန်းဖေမြင့်)ကို ရခိုင်ပြည် မင်းပြားသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်တွင်ကား ရန်ကုန်မြို့ သို့ လျှို့ဝှက်ရောက်ရှိနေသော သခင်စိုးသည် သခင် တင်မြ၊ ကိုချစ်လှိုင်၊ ကိုမြသွင်နှင့် ကိုလှကြည် (ရဲနီ ကျော်ဝင်း)တို့အား ခေါ်ယူ၍ ဖက်ဆစ်တော်လှန်ရေး အတွက် ဆွေးနွေးသည်။ ယင်းတို့ ဆွေးနွေးရာနေရာ မှာ ရွှေဂုံတိုင်လမ်းဆုံအနီးမှ ဘုန်းကြီးကျောင်း ဖြစ်သည်။ သခင်စိုးသည် လျှို့ဝှက်ဆွေးနွေးပွဲတွင် 'ယခုအခါ ဖက်ဆစ်ဂျပန်များကို အထင်ကြီး အားကိုးနေသူများ နှင့် ဖက်ဆစ်ဂျပန်များ ကြမ်းကြုတ်ရက်စက်မှုများကို ကြောက်လန့်ချောက်ချားပြီး တုတ်တုတ်မျှ မလှုပ်ရဲသူ၊ သတ္တိကြောင်သွားသူများ အမြောက်အမြားရှိနေ ကြောင်း၊ တို့ဗမာအစည်းအရုံးဝင် သ... Click »
ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈) 11/08/2021 05:02:00 PM ဖဆပလ၏ တစ်နှစ်အတွင်း လွတ်လပ်ရေးနှင့် ကွန်မြူနစ်တို့၏ အဆုံးသတ်အာဏာသိမ်းရေး ကိုသိန်းဖေ၏ခေါင်းဆောင်မှုကို ဖြုတ်ချခြင်း ကွန်မြူနစ်ပါတီ၏ မြေအောက်ခေါင်းဆောင်မှု ကို စတင်ခဲ့သူမှာ သခင်စိုးဖြစ်သည်။ တရားဝင်မြေပေါ် ပါတီဘဝတွင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုမှာ သခင်စိုး၊ ကိုသိန်းဖေနှင့် သခင်သန်းထွန်းတို့လက်ထဲ တွင် ရှိခဲ့သည်။ သခင်စိုး အိမ်ထောင်ရေးပြဿနာ ရှုပ်ထွေးလာ သောအခါ ပါတီဝင်အဖြစ်မှ ရပ်စဲခံရခြင်း ကြောင့် ခေါင်းဆောင်မှုကျဆင်းသွားသည်။ သခင်စိုး သည် ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကို ပြန်မရနိုင် တော့သောအခါ အလံနီပါတီကို ခွဲထွက်ထူထောင် လိုက်သည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုမှာ သခင်သန်းထွန်းနှင့် ကိုသိန်းဖေ၏ လက်ထဲတွင် ရှိနေလေသည်။ ဖဆပလနှင့် ကွန်မြူနစ်ပါတီတို့ ကွဲခဲ့ကြပြီးနောက် တွင် ကွန်မြူနစ်ပါတီသည် ဘရောက်ဒါဝါဒကို လှည့် မကြည့်တော့ဘဲ အဆုံးသတ်အာဏာသိမ်းရေးလမ်းစဉ် ကိုသာကြွေးကြော်တော့သည်။ လက်နက်ကိုင်ထကြွမှု ကိုသာ အဓိကထားလာသည်။ ပျဉ်းမနားနှင့် ရခိုင် လက်နက်ကိုင်ထကြွမှုများသည် တစ်ပြည်လုံးကို ပျံ့နှံ့ သွားပြီး အဆုံးသတ်အာဏာသိမ်းနိုင်မည်ဟု ထင်လာ ကြသည်။ အိန္ဒိယ ကွန်မြူနစ်ပါတီကလည်း တ... Click »
ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၄) 10/20/2021 03:51:00 PM ဒုတိယအကြိမ် ပါတီကွန်ဂရက် ပြည်သူ့အရေးတော်ပုံပါတီနှင့် ပြန်လည်ပူးပေါင်းရန် ကြိုးစားချက်များ ၁၉၄၅ ခုနှစ်၊ မေလ ၃ ရက်တွင် ကွန်မြူနစ်ပါတီ က ဆိုင်းဘုတ်တင်၍ အတိအလင်း ပါတီထူထောင် သော်လည်း ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင် များမှာမူ ယင်းတို့၏ပါတီကို ပြန်လည်ထူထောင်ခြင်း မပြုလုပ်ကြသေးပေ။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးကျော်ငြိမ်း(အာရ်အီးတီ)တို့လူစုသည် ဖတပလအဖွဲ့ ချုပ်၏ရုံးကိုသာ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ အာရှ လူငယ်အဖွဲ့ချုပ်ရုံးဟောင်းတွင် ဖွင့်လှစ်ခဲ့ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီဝင်များသည် ကွန်မြူနစ်ပါတီ နှင့် တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်း၍ ရလို ရငြားဟူသော မျှော်လင့်ချက်ဖြင့် အခြေအနေကိုသာ စောင့်ကြည့်နေကြသည်။ ဗိုလ်ချုပ်အောင်ဆန်း စတင် ဖွဲ့စည်းခဲ့သော ကွန်မြူနစ်ပါတီတွင် ပါဝင်သူများသည် သခင်မြခေါင်းဆောင်၍ ၁၉၄ဝ ပြည့်နှစ်၊ မေလ ၁၂ ရက် သာယာဝတီမြို့တွင် သခင်ကိုယ်တော်မှိုင်းတို့၏ တို့ဗမာအစည်းအရုံး ကျင်းပနေစဉ် ဖွဲ့စည်းသော ပြည်သူ့အရေးတော်ပုံပါတီ ( People's Revolutionary Party - P.R.P )တွင်လည်း ပါဝင်ခဲ့ကြသည်သာ ဖြစ်သည်။ ၁၉၄ဝ ပြည့်နှစ်ကဖွဲ့စည်းသော ပြည်သူ့အရေး တော်ပုံပါတီကို မြေအောက်တော်လှန်ရေး... Click »