နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတိုကို လျစ်လျူရှုခြင်းမပြုရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် မျှော်လင့်

သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်

နိုင်ငံခြားသံရုံးများမှ သံတမန်အချိုနှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲအစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွတ်တော်အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ စိစစ်အတည်ပြုနိုင်ခြင်း မရှိသည့် သတင်းအရင်းအမြစ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက်အဖွဲအစည်းများမှရရှိသောလိုရာဆွဲသည့်စွပ်စွဲချက်များ မှန်ကန်မှုမရှိသော တစ်ဖက်သတ်သတင်းအချက် အလက်များအပေါ် အခြေခံကာ ဝေဖန်ပြောကြားချက် များ/ကြေညာချက်များ ထုတ်ပြန်နေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကြားသိတွေ့ရှိရသည့်။ ထိုပြင် ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချိုတိုသည်လည်း တရားမဝင်အဖွဲအစည်းနှင့် အကြမ်းဖက်အဖွဲ အစည်းများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ယင်းတို၏ လက်အောက်ခံအဖွဲများမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုခြင်းတိုကို ပြုလုပ်လျက်ရှိကြကြောင်း တွေ့ရှိရသည်။

  အထက်ဖော်ပြပါ အခြေအနေများနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများ လွှတ်တော်အမတ်များအနေဖြင့် အဆိုပါအကြမ်းဖက် အုပ်စုများနှင့် ထိတွေ့ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အုပ်စုများကို သက်ဆိုင်ရာ နိုင်ငံများ၌ ရုံးခန်းဖွင့်လှစ်ခွင့်ပြုခြင်း စသည့်လုပ်ရပ်များသည် အကြမ်းဖက်ဝါဒကို အားပေးရာရောက်သည့်အပြင် မြန်မာနိုင်ငံ၌ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် အစိုးရ၏ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာလည်း ရောက်သည့်အချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထားထောက်ပြလိုသည်။ ထိုပြင် အဆိုပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်သည်။

  နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သံရုံးများနှင့် ကုလသမဂ္ဂရုံးများ၊ အဆိုပါ အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်သည့်နိုင်ငံများမှ သက်ဆိုင်ရာအာဏာပိုင်များ ထံသို ပြင်းထန်စွာကန့်ကွက်ခြင်း၊ ၎င်းတို၏ နယ်မြေများကိုအသုံးပြု၍ မြန်မာနိုင်ငံအပေါ် တရားမဝင်လှုပ်ရှားမှုများ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သည့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ယင်းတို၏ ဆက်စပ်အဖွဲများကို ထိတွေ့ဆက်သွယ် ခြင်းမပြုရန်၊ ထောက်ခံအားပေးခြင်း မပြုရန်နှင့် အဆိုပါအကြမ်းဖက်သမားများနှင့် ၎င်းတို၏လုပ်ရပ်များကို စုံစမ်းစစ်ဆေးခြင်းနှင့် တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်ခြင်းတိုအပါအဝင် လိုအပ်သည့်တားဆီးမှုအစီအမံများ ဆောင်ရွက်ပေးရန် အတွက် ထပ်တလဲလဲအသိပေး တိုက်တွန်းခဲ့သည့် တရားဝင်အကြောင်းကြားစာ ပေးပိုခဲ့မှုကိုလည်း ထပ်လောင်း ရည်ညွှန်းသည်။

  အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို၏ အသွင်သဏ္ဌာန်မျိုးစုံကို ရှုတ်ချသည့် မြန်မာနိုင်ငံ၏ တစ်သမတ်တည်းဖြစ်သောရပ်တည်ချက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ထပ်လောင်းဖော်ပြလျက် အကြမ်းဖက်မှုကျူးလွန်သူများကို တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်း အတည်ပြုသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်း ရောက်ဝါဒတိုကို လျစ်လျူရှုခြင်းမပြုရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် စစ်မှန်စွာမျှော်လင့်ကြောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်



Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)