ကြံခင်းမြို့တွင် တူရကီနိုင်ငံထုတ် သေနတ် ၂၂လက် ဖမ်းမိ
ကြံခင်း၊ အောက်တိုဘာ ၁၀
ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာ၌ တူရကီ နိုင်ငံထုတ် ရိုင်ဖယ် ၂၂လက်နှင့် ကျည်များအပါအဝင် ဖောက်ခွဲရေး ပစ္စည်းများကို လုံခြုံရေးအဖွဲများက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့ NLD, CRPH ကို တူရကီ ဦးဆောင်တဲ့ အိုအိုင်စီအုပ်စုက ကူညီထောက်ပံ့ပေးနေတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာ ရှိပါတယ်။ အနောက်အုပ်စုနဲ့ အိုအိုင်စီအဖွဲဟာ NLD ပါတီကို အစဉ်တစိုက် ငွေကြေး၊ နည်းပညာ အကူအညီအထောက်အပံ့တွေ ပေးနေတဲ့ အုပ်စုတွေ ဖြစ်ပါတယ်။
NLD, PDF အကြမ်းဖက်သမားများထံက အမေရိကန်နိုင်ငံထုတ် သေနတ်တွေ ဖမ်းဆီးရမိခဲ့တာတွေ ရှိသလို အခုအခါမှာတော့ အိုအိုင်စီအဖွဲ့ရဲ့ ဦးဆောင်နိုင်ငံ တူရကီနိုင်ငံထုတ် သေနတ်တွေပါ ဖမ်းဆီးရမိလာတဲ့ အခြေအနေ ဖြစ်ပါတယ်။
photo- credit
photo- credit
#MyanmarNationalPost