ဖဆပလ၏ တစ်နှစ်အတွင်း လွတ်လပ်ရေးနှင့် ကွန်မြူနစ်တို့၏ အဆုံးသတ်အာဏာသိမ်းရေး ကိုသိန်းဖေ၏ခေါင်းဆောင်မှုကို ဖြုတ်ချခြင်း ကွန်မြူနစ်ပါတီ၏ မြေအောက်ခေါင်းဆောင်မှု ကို စတင်ခဲ့သူမှာ သခင်စိုးဖြစ်သည်။ တရားဝင်မြေပေါ် ပါတီဘဝတွင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုမှာ သခင်စိုး၊ ကိုသိန်းဖေနှင့် သခင်သန်းထွန်းတို့လက်ထဲ တွင် ရှိခဲ့သည်။ သခင်စိုး အိမ်ထောင်ရေးပြဿနာ ရှုပ်ထွေးလာ သောအခါ ပါတီဝင်အဖြစ်မှ ရပ်စဲခံရခြင်း ကြောင့် ခေါင်းဆောင်မှုကျဆင်းသွားသည်။ သခင်စိုး သည် ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကို ပြန်မရနိုင် တော့သောအခါ အလံနီပါတီကို ခွဲထွက်ထူထောင် လိုက်သည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုမှာ သခင်သန်းထွန်းနှင့် ကိုသိန်းဖေ၏ လက်ထဲတွင် ရှိနေလေသည်။ ဖဆပလနှင့် ကွန်မြူနစ်ပါတီတို့ ကွဲခဲ့ကြပြီးနောက် တွင် ကွန်မြူနစ်ပါတီသည် ဘရောက်ဒါဝါဒကို လှည့် မကြည့်တော့ဘဲ အဆုံးသတ်အာဏာသိမ်းရေးလမ်းစဉ် ကိုသာကြွေးကြော်တော့သည်။ လက်နက်ကိုင်ထကြွမှု ကိုသာ အဓိကထားလာသည်။ ပျဉ်းမနားနှင့် ရခိုင် လက်နက်ကိုင်ထကြွမှုများသည် တစ်ပြည်လုံးကို ပျံ့နှံ့ သွားပြီး အဆုံးသတ်အာဏာသိမ်းနိုင်မည်ဟု ထင်လာ ကြသည်။ အိန္ဒိယ ကွန်မြူနစ်ပါတီကလည်း တ...