လက်ကိုင်ဖုန်း အန္တရာယ်သတိပြုဖွယ်
လူငယ်များ တက်တက်ကြွကြွလုပ်ကိုင်ပါမှ တိုင်းပြည်ကြီးတိုးတက်မှုတွေနှင့် ရုပ်လုံးကြွနေမည်ဖြစ်သည်။ လူငယ်အများစုမှာ တက်ကြွမှုများနည်းပါးနေသည်မှာ အမှန် ဖြစ်သည်။ လူငယ်ဆိုသည်မှာ တိုင်းပြည်တစ်ပြည်၏ အနာဂတ်ဖြစ်သည်။ တိုင်းပြည်၏ အနာဂတ်ပိုင်ရှင်လေးများ ကောင်းမွန်စွာကြီးပြင်လာရန်အတွက် လူသားတိုင်းတွင် တာဝန်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည်လည်း လူသားတိုင်းနှင့် သက်ဆိုင်မှုရှိသည်။ လူငယ်ဆိုသည့်အတိုင်း အရာရာတွင် တက်တက်ကြွကြွရှိနေဖိုလည်း လိုအပ်သည်။
ခေတ်ရေစီးကြောင်းအရ ကလေးသူငယ်များငြိမ်သက်စေရန် ထိန်းရာတွင် လက်ကိုင်ဖုန်း၊ တီဗွီများသည် အရေးပါသောကဏ္ဍတစ်ခုအဖြစ်ပါရှိနေသည်။ လက်ကိုင်ဖုန်းနှင့် တီဗွီများကို ငြိမ်ဆေးအဖြစ်အသုံးပြုစေခြင်းမှာ ဂိမ်းကစားခြင်းပင်ဖြစ်သည်။ ငြိမ်ဆေးများသည် ကလေးများ၏ လူမှုဘဝကိုပါ ငြိမ်သွားစေနိုင်သည်။ ငြိမ်ဆေးအဖြစ် တီဗွီထက် လက်ကိုင်ဖုန်းများကို ပိုမိုအသုံးပြုကြသည်ကိုလည်း တွေ့ရသည်။ လက်ကိုင်ဖုန်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်ကိုတွေ့ရသည်။ လူတစ်ဦးလျှင် ပျမ်းမျှနှုန်း လက်ကိုင်ဖုန်းတစ်လုံးစီ အသုံးပြုနေကြသည်။ မြန်မာနိုင်ငံသည် လက်ကိုင်ဖုန်းတစ်လုံးဝယ်ဖိုဆိုလျှင် တစ်သိန်း နှင့်တစ်သိန်းကျော် ဝန်းကျင်ဆိုလျှင် အသင့်အတင့်အသုံးပြု၍ ကောင်းသော လက်ကိုင်ဖုန်းတစ်လုံးပိုင်ဆိုင်ဖို အဆင်ပြေသည်။
လက်ကိုင်ဖုန်းသည် ဆက်သွယ်အသုံးပြုရာမှာ လွယ်ကူပြီး အခြားသော ဖေ့စ်ဘွတ်၊ မက်ဆင်ဂျာ၊ ဗိုက်ဘာစသည်များဖြင့် စာပိုစာပြန်ရန် အကောင်းဆုံးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သတင်းအချက်အလက်များနှင့် စာပေများကိုလည်း ရှာဖွေလေ့လာဆည်းပူးရာတွင်လည်း လွယ်ကူလွန်းသည်။ အခြားစိတ်ဝင်စားစရာ ဗီဒီယို၊ တေးသီချင်း၊ ဂိမ်းစသည်တိုလည်း ကြည့်ရှုရာတွင် အခက်အခဲမရှိလွယ်ကူသည်။ လက်ကိုင်ဖုန်းတစ်လုံး၏ ချီးမွန်းစရာကောင်းသော အချက်ဖြစ်သည်။ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကောင်းသောအချက်များရှိသလို မကောင်းသော အချက်များလည်း အများအပြားရှိသည်။
ကလေးငယ်များကို ငြိမ်နေရင်ပြီးရောဆိုပြီး လက်ကိုင်ဖုန်းများနှင့် ပစ်ထားတတ်ကြသည့်အတွက် နုနယ်သောအရွယ်ဖြစ်သောကြောင့် ကလေးများ၏ မျက်စိကို ထိခိုက်စေမှုရှိသည်။ လက်ကိုင်ဖုန်းကို အချိန်ကြာကြာအသုံးပြုခြင်းသည် မျက်စိအားနည်းခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ လက်ထုံကျဉ်စေခြင်း၊ ခေါင်းကိုက်ခြင်း စသည့်ဝေဒနာများကိုအဖြစ်လွယ်သည်။ ကလေးများသည် နုနယ်သောအရွယ်ဖြစ်နေသောကြောင့် အထက်ပါဝေဒနာများကို ပို၍ဖြစ်စေလွယ်သည်။ ငြိမ်ဆေးများ အသုံးပြုများခြင်းကြောင့် ကလေးများတွင် ဦးနှောက်အာရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း၊ လူများနှင့် စကားပြောဆက်သွယ်မှု မလုပ်နိုင်ခြင်း၊ မှတ်ဉာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း၊ စိတ်ကစဉ့်ကလျား ဖြစ်နေခြင်း၊ ကိုယ်ခန္ဓာကို မထိန်းချုပ်နိုင်ခြင်း၊ ခံစားမှုကိုမဖော်ပြတတ်ခြင်း၊ အမြဲဂနာမငြိမ်ဖြစ်ခြင်းနှင့် အိပ်စက်မှုမရှိခြင်း စသည်တိုခံစားရနိုင်သည်။
အမေရိကန်ကင်ဆာဖောင်ဒေးရှင်းဆေးသုတေသနအရ ကင်ဆာဖြစ်သော လူ ၁၀၀ တွင် ၆၀ မှာ လက်ကိုင်ဖုန်းသုံးခြင်းမှရလာသော ဓာတ်ရောင်ခြည်ကြောင့် နောက်ဆက်တွဲဖြစ်လာသော ကင်ဆာများဖြစ်သည်ကို တွေ့ရသည်။ ဖုန်းတစ်ခါပြောတိုင်း လတ်ဆတ်နေသော တစ်သျှူးများက အဆိပ်ပြင်းပြင်း ဓာတ်ရောင်ခြည်များကို မျိုချနေကြရသည်။ ကလေးများအတွက် ငြိမ်ဆေးများဖြစ်သည့် မိုဘိုင်းဖုန်းများ၊ လက်ကိုင်ဖုန်းများ၊ တီဗွီများကိုကြည့်ခြင်းသည် လူတွေ၏ကျန်းမာရေးကို အနှောက်အယှက်ပေးသည့် Silent Killer ဟုခေါ်သည့် တိတ်တဆိတ်လူသတ်သမားများပင်ဖြစ်သည်။
လက်ကိုင်ဖုန်းများသည် ကျဉ်းမြောင်းသောအခန်းများ မှန်အလုံကာထားသော တိုက်ခန်းများ၊ ဓာတ်လှေကားများထဲတွင် အသုံးပြုခြင်းသည် ကျယ်ဝန်သောနေရာတွင် အသုံးပြုခြင်းထက် ဓာတ်ရောင်ခြည်ဖြာထွက်မှု ပိုမိုသက်ရောက်နိုင်သည်။ အိပ်စက်သည့်အခါ ရင်ဘက်ပေါ်တင်ထားခြင်း၊ ခေါင်းအုံးအောက်မှာ ထားခြင်းတိုကိုလည်း ရှောင်ကြည်သင့်သည်။
သုတေသနပြုချက်များအရ လူလတ်ပိုင်းနှင့် လူကြီးပိုင်းများတွင် လက်ကိုင်ဖုန်းကို သုံးသည့် သက်တမ်း ၁၀ နှစ်ကျော်လာလျှင် ကင်ဆာဖြစ်နိုင်ခြေများကြောင်း သိရသည်။ လက်ကိုင်ဖုန်းများနှင့် သီချင်းနားထောင်ခြင်းဖြင့် နားနှင့်ပတ်သက်သောရောဂါများ ရရှိခံစားနိုင်သကဲ့သို လက်ကိုင်ဖုန်းအကြည့်များခြင်းများမှာလည်း မျက်စိနှင့်ပတ်သက်သောရောဂါများ ဖြစ်ပွားလာသည်ကို တွေ့မြင်နေရသည်။ ကလေးများသည် ဂိမ်းဆော့ရင်း လက်ကိုင်ဖုန်းကို အိမ်သာထဲသို ယူဆောင်သွားတတ်သည်။ အိမ်သာဆိုသည်မှာ စိုထိုင်းဆများပြီး ဗက်တီးရီးယားများ လွန်စွာပေါများတတ်သောနေရာဖြစ်သည်။ အိမ်သာထဲ လက်ကိုင်ဖုန်းယူဆောင်သွားမိသည့်အခါ ဖုန်းတွင် ဗက်တီးရီးယားများ ကပ်ငြိပါလာကာ ဖုန်းပြောသည့်အခါ လူကိုကူးစက်စေသည်။ အိမ်သာတက်ပြီး အညစ်အကြေးများ ဆေးကြောသန့်စင်ပြီး လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည့် အချိန်တွင်လည်း ဖုန်းတွင်ရောဂါပိုးများကပ်ငြိပါလာနိုင်သည်။
ဗိုင်းရစ်ပိုးဆိုသည်မှာ မိမိတိုလက်များသာမက မိမိတိုအသုံးပြုသော ပစ္စည်းများပေါ်တွင်လည်း ကပ်ငြိနိုင်စွမ်းရှိသည်။ လက်ကိုင်ဖုန်းများကို အိမ်သာထဲသို လုံးဝယူဆောင်ခြင်း မပြုသင့်ပေ။ ကူးစက်ရောဂါပိုးမွှားများသည် အလျင်အမြန် ရောက်လာနိုင်ကြောင်း အဏုဇီဝပိုးမွှားဗေဒပညာရှင်ပါမောက္ခချားလက်စ်ဂါဘာနှင့် လူသားပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ ပါမောက္ခရေးနိုးလ်တို၏ ပူးပေါင်းလေ့လာချက်များအရသိရသည်။ အိမ်သာဆိုသည်နှင့် အိမ်သာတွင်သာမက အိမ်သာကြမ်းပြင်၊ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်းများတွင်လည်း ရောဂါပိုးမွှားများ ကပ်နေနိုင်သည်ကို သတိပြုသင့်သည်။
မြန်မာနိုင်ငံသားတစ်ဦးသည် တစ်ဦးလျှင် ဖေ့စ်ဘွတ်ကို ၁၄၄ မိနစ်သုံးစွဲသည်ဟု စစ်တမ်းများကဆိုသည်။ နေ့စဉ် ၁၄၄ မိနစ် ဖေ့စ်ဘွတ်သုံးသည့်အတွက် မိမိဘဝဖွံဖြိုးတိုးတက်မှု ထူးထူးခြားခြားဖြစ်သလားဟု မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်စေချင်သည်။ ၁၄၄ မိနစ်တွင် ၆၀ မိနစ်က အကျိုးမရှိဟုဆိုလျှင် မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သုံးစွဲသူ ၂၈ ဒသမ ၇ သန်းက နေ့စဉ် နာရီပေါင်း ၂၈ ဒသမ ၇ သန်းကို ဖြုန်းပစ်လိုက်ခြင်းဖြစ်သည်။ နာရီ ၂၈ ဒသမ ၇ သန်း၏ ကာယ၊ ဉာဏစွမ်းအားသည် တိုင်းပြည်တိုးတက်မှုကို များစွာဖြစ်စေနိုင်သည်။ ဖေ့စ်ဘွတ်အကောင့်အတုများကြောင့် မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သုံးစွဲသည့် ရာခိုင်နှုန်းများနေခြင်းလည်းဖြစ်နိုင်သည်။
၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် မတ်လအထိ ကမ္ဘာပေါ်ရှိ ဖေ့စ်ဘွတ်အကောင့်အတု ပေါင်းသန်း ၁၃၀၀ ကို ဖြုတ်ချခဲ့ရသည်ဟု ဖေ့စ်ဘွတ်ကဆိုသည်။ မဖြုတ်ချနိုင်သည့် ဖေ့စ်ဘွတ်အကောင့်အတုများစွာရှိနေဦးမည်ကို ယုံကြည်သည်။ ဖေ့စ်ဘွတ်သုံးစွဲသူ အများစုသည် ညဘက်တွင် ဖေ့စ်ဘွတ်ပေါ်မှ အမုန်းစကားဆိုခြင်း၊ တိုက်ခိုက်ခြင်း၊ မမှန်သတင်းများကို တစ်ခုပြီးတစ်ခုကြည့်ခြင်းဖြင့်သာ အချိန်ကုန်လွန်ကြသည်။ အချိန်ကုန်မှန်းမသိ ကုန်သွားသဖြင့် ညမိုးချုပ်မှအိပ်ရာဝင်ရသည်။ ညက အိပ်ရေးပျက်သဖြင့် မနက်နောက်ကျမှ အိပ်ရာကနိုးသည်။ မနက်အိပ်ရာနိုးသည်နှင့် ခုတင်ဘေးကဖုန်းကို ကောက်ကိုင်ပြီး ဖေ့စ်ဘွတ်ပွတ်ကြသည်။ ဂိမ်းကစားခြင်းသည် ဂိမ်းစွဲရောဂါကိုဖြစ်စေပြီး တားဆီးသင့်သော ရောဂါတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲကြီး (WHO) က ထုတ်ပြန်ကြေညာထားသည်။
ဒစ်ဂျစ်တယ်ဂိမ်း၊ ဗီဒီယိုဂိမ်းများကို အင်တာနက်လိုင်းပေါ်မှဖြစ်စေ၊ အော့ဖ်လိုင်းမှဖြစ်စေ ဆက်တိုက်ဖြစ်စေ၊ ခဏခဏဖြစ်စေ အကြိမ်ကြိမ်ကစားခြင်းသည် ကစားသူ၏ ကိုယ်၊ စိတ်ကျန်းမာမှုကို ထိခိုင်စေနိုင်သဖြင့် ရောဂါပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားသည်။ အချိန်ကာလ အကြိမ်ရေမဆုံးနိုင်လောက်အောင် ဆက်တိုက်ကစားခြင်း၊ အထိန်းနိုင်ခြင်း၊ ကစားရင်းလူတိုင်းကိုယ်စီ ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာများကို မဆောင်နိုင်ခြင်း၊ ကစားရင်း ကစားအားကလျော့သွားသည်မရှိဘဲ တိုးလာနိုင်သည်။ ခေတ်ရေစီးကြောင်းအရ လူ ၁၀၀ တွင် ၉၀ နီးပါးမှာ လက်ကိုင်ဖုန်းများကို အသုံးပြုနေကြသည်။ လက်ကိုင်ဖုန်းများကို သုံးကြသည့်အတွက် လူမှုရေးစာမျက်နှာဟုခေါ်သော ဖေ့စ်ဘွတ်ကိုလည်း တွင်ကျယ်စွာသုံးစွဲလျက်ရှိသည်။ လက်ကိုင်ဖုန်းများကို နေထိုင်မှု ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနေကြသည်။ အိပ်လျက်လည်း ကြည့်ဖြစ်သကဲ့သို ထိုင်လျက်လည်း သုံးစွဲဖြစ်ကြသည်။
တစ်ခါတစ်ရံ ပက်လက်ကုလားထိုင်များတွင် သုံးစွဲဖြစ်ကြသကဲ့သို တစ်ခါတစ်ရံ မတ်တတ်ကြာရှည်စွာရပ်ပြီး သုံးစွဲခြင်း၊ ပုံစံမမှန်သော ပုံစံများကြာရှည်စွာ ခေါင်းငုံထားခြင်း၊ အိပ်ရာပေါ်တွင် မှောက်လျက်သုံးစွဲခြင်းဖြင့် သုံးစွဲဖြစ်ကြသည်။ ပုံစံမမှန်သုံးစွဲရာမှ ကြာလာသောအခါ ခါးဆစ်ရိုးကျီးပေါင်း၊ ဇက်ကျီးပေါင်းစသည့် အရိုးကျီးပေါင်းရောဂါများ ခံစားလာကြရသည်။ အရိုးကျီးပေါင်းအဖြစ်များသည့်နေရာများမှာ ခါးဆစ်ရိုး၊ ဒူးဆစ်ရိုး၊ ဇက်စသည်တိုဖြစ်သည်။ လက်ကိုင်ဖုန်းအသုံးများသူတိုတွင် ခါးကျီးပေါင်းနှင့် ဇက်ကျီးပေါင်းမှာ အဖြစ်များသည်။ အရိုးကျီးပေါင်း၊ ခါးကျီးပေါင်း၏ လက္ခဏာများမှာ ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ ပတ်ဝန်းကျင်ကြွက်သားများတင်းခြင်း၊ တောင့်ခြင်း၊ ခါးရိုးတန်းတွင် သက်လျှိထားသကဲ့သို တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ကြောများ တင်းနေခြင်း၊ တင်ပါးခွက်တွင် အပ်နှင့်ထိုးထားသကဲ့သို စူးအောင့်နေခြင်း၊ ခြေထောက် ပိုင်းကိုက်ခြင်း၊ ထုံကျဉ်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း စသည်တိုဖြစ်စေနိုင်သည်။
အရိုးကျီးပေါင်းရောဂါသည် လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ သောက်ဆေး၊ လိမ်းဆေး၊ အပြုအမူများ နေထိုင်ဆင်ခြင်ခြင်းဖြင့် သက်သာစေနိုင်သည်။ အရိုးကျီးပေါင်းရောဂါသည် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သောရောဂါမဟုတ်သော်လည်း မကုသဘဲထားပါက အာရုံကြောသေခြင်းဆိုသော ဆိုးဝါးသောနောက်ဆက်တွဲဆိုးကျိုးများကို ခံစားနိုင်သည်။ လက်ကိုင်ဖုန်းများကို နေထိုင်မှုပုံစံမမှန်ဘဲ ကြာရှည်စွာသုံးစွဲခြင်းကို ရှောင်ရှားကြပါစို ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။
#(MANA)