စာရေးရိက္ခာဖူလုံရေး အားပေးဆောင်ရွက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် ကမ္ဘာ့စားနပ်ရိက္ခာနေ့
နိုင်ငံတော်အစိုးရ၏စီးပွားရေးမူဝါဒသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ စျေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးတို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေ၌ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာနကိုဖွဲ့စည်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးဖြစ်သည့် အတွက် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုဖွဲ့စည်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းစနစ်များနှင့် ထိထိရောက်ရောက် အစုအဖွဲ့လိုက် စုပေါင်းဆောင်ရွက်နိုင်ရေး၊ အကူအညီထောက်ပံ့ပေးနိုင်ရေးကို နိုင်ငံတော်က လုပ်ဆောင်လျက်ရှိသည်။
ကမ္ဘာ့နိုင်ငံအချို့တွင် စားနပ်ရိက္ခာမလုံလောက်မှု၊ ငတ်မှုခေါင်းပါးမှု၊ ရောဂါဘယထူပြောမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်ပအကူအညီကို မျှော်လင့်နေကြရသည်။ ထိုသိုသောဒုက္ခမျိုးကို မြန်မာနိုင်ငံတွင် လုံးဝမကြုံတွေ့စေရေးအတွက် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို လက်တွေ့ကျကျ လုပ်ဆောင်နေခြင်းဖြစ်သည်။ ရေရှည်အနေဖြင့်ခေတ်မီစိုက်ပျိုးမွေးမြူရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များရရှိရေး စိုက်ပျိုးမွေးမြူရေးကျောင်း၊ သိပ္ပံ၊ ကောလိပ်များ ဒေသအလိုက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့အခြေခံစားရေရိက္ခာဖြည့်တင်းပေးနိုင်သောနိုင်ငံအဖြစ် ရေရှည်စီမံချက်ထားဆောင်ရွက်လျက်ရှိသည်။
စားရေရိက္ခာမလုံလောက်မှုသည် ဖွံဖြိုးဆဲနိုင်ငံများ၌သာ ကြုံတွေ့နေရသည့် ပြဿနာမဟုတ်ဘဲ ချမ်းသာသောဖွံဖြိုးပြီးနိုင်ငံများတွင်လည်းကြုံတွေ့နေရသည်။ ဝင်ငွေထွက်ငွေမမျှတမှုနှင့် ဘေးအန္တရာယ် ကျရောက်ခံစားရမှုများကြောင့် စားရေရိက္ခာ မပြည့်မစုံဖြစ်နိုင်သည်။ လူဦးရေတိုးပွားရေးလာမှု၊ သီးနှံအထွက်နှုန်းထိခိုက်စေသည့် ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းအားနည်းမှုများကြောင့် ကမ္ဘာတွင် စာရေးရိက္ခာမလုံလောက်မှု အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ထိထိရောက်ရောက် ဆောင်ရွက်နေသကဲ့သို ထိုကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားဆောင်ရွက်ပေးလျက်ရှိသည်။ လူတိုင်းသည် အူမတောင့်မှ သီလစောင့်နိုင်ကြမည်ဖြစ်သည်။ လူတိုင်းတွင်ရှိသင့်သောအင်အားများရှိရန်မှာ အစားအစာကို ဝလင်အောင်စားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကပင် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်ပေရာ စားရေရိက္ခာနှင့်ပတ်သက်လျှင် ငတ်မွတ်ခေါင်းပါးသော ဘေးမျိုးကြုံတွေ့ရခြင်းမရှိသလောက်နည်းပါးလှသည်။ မြန်မာ နိုင်ငံ၏ လက်ရှိလူဦးရေ ၊ တိုးပွားလာမည့် လူဦးရေကိုတွက်ဆ၍ စားရေရိက္ခာပိုလျှံမှုရှိအောင် နိုင်ငံတော်အစိုးရက မြော်တွေးလုပ်ဆောင်လျက်ရှိသည်။ ကုလသမဂ္ဂချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံဖြိုးမှုပန်းတိုင်(၂၀၁၆-၂၀၃၀) ပန်းတိုင် (၁၇)ရပ်တွင် ပန်းတိုင်(၂)သည် “ ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝမှု တိုးတက်ရေးနှင့် စဉ်ဆက်မပြတ်စိုက်ပျိုးဖြစ်ပေါ်တိုးတက်ရေး ” ပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား အောက်တိုဘာ ၁၀ ရက်နေ့ကတွေ့ဆုံ အမှာစကားပြောကြားခဲ့ရာတွင် “ ထုတ်လုပ်သည့်စားသောက်ကုန်များအားလုံး အရည်အသွေးကောင်းမွန်စွာနှင့်စျေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ဝယ်ယူစားသုံးမှုကို လျှော့ချနိုင်ကြောင်း၊ စားသောက်ကုန်သီးနှံများအား ရာသီချိန်အလိုက်ထုတ်လုပ်၍ အထွက်နှုန်းများကောင်းမွန်ပြီး ပြည့်ဝစွာရရှိအောင် ဆောင်ရွက်နိုင်ရေး လူတစ်ဦးချင်းအခြေခံလိုအပ်ချက်ကိုတွက်ချက်ကာ တိုင်းဒေသကြီးတစ်ခုလုံး ဖူလုံအောင်စီမံဆောင်ရွက်ရန်လိုကြောင်း၊ အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို နမူနာယူ၍ မိမိတိုနိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း ” ထည့်သွင်းပြောကြားခဲ့ပါသည်။
လူတိုင်းစားသောက်ရေးအဆင်ပြေခြင်းသည် နိုင်ငံ၏စီးပွားရေးကောင်းမွန်အောင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်နေသည့်အချိန်ကာလ၌ ဒေသတွင်းစိုက်ပျိုးမွေးမြူရေးကုန်ထုတ် လုပ်မှု လုပ်ငန်းများမှာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းပေးလျက်ရှိပါသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံသည် တိုင်ပြည်သာယာဝပြော၍ စားရေရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
#MWD