နမ့်စန်တွင် ကိုဗစ်ရောဂါအတည်ပြု ၈ ယောက်မြောက် ကိုယ်ဝန်ဆောင်လူနာအား အောင်မြင်စွာခွဲစိတ်မွေးဖွား
နမ့်စန်၊ အောက်တိုဘာ-၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြိုနယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ည ၉ နာရီချိန်၌ အမှတ်(၄) ရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအား ခွဲစိတ်၍ အောင်မြင်စွာ ကလေးမွေးဖွားပေးခဲ့ကြောင်း မြိုနယ်ပြည်သူ့ဆေးရုံမှသိရသည်။
အဆိုပါအမျိုးသမီးမှာ ကလေးမွေးဖွားရန်အတွက် အောက်တိုဘာလ ၇ ရက် ညပိုင်းတွင် မြိုနယ် ပြည်သူ့ဆေးရုံသိုလာရောက်ပြသခြင်းဖြစ်ပြီး RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာမှ ၎င်းထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယမန်နေ့ ည၉နာရီခန့်တွင် မြိုနယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာခွဲစိတ်မွေးဖွားပေးခဲ့ကြောင်း သိရသည်။
ယနေ့ထိ နမ့်စန်ပြည်သူ့ဆေးရုံတွင် ယခုလူနာအမျိုးသမီးအပါအဝင် အမှတ်(၁)ရပ်ကွက်မှ ၃ ဦး ၊ အမှတ်(၂)ရပ်ကွက် မှ ၂ ဦး နှင့် အမှတ်(၄)ရပ်ကွက်မှ ၁ ဦး ၊အမှတ်(၅)ရပ်ကွက်မှ (၁) ဦး ၊ စုစုပေါင်း ကိုဗစ်ရောဂါအတည်ပြု ကိုယ်ဝန်ဆောင် ၈ ဦးကို အောင်မြင်စွာခွဲစိတ် မွေးဖွား ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယနေ့ ခွဲလူနာမှာ မိန်းကလေး မွေးဖွားကာ မိခင်နှင့် ကလေး ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။
သတင်း - သူရ(နမ့်စန်)