သတင်းမှားဖြစ်ကြောင်း တင်ပြခြင်း
မနေ့က people media ကနေ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြိုနယ်က ပါတီဝင်တွေနှုတ်ထွက်ကုန်ကြပြီလို သတင်းအမှားတစ်ခုတင်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သတ်ပြီး ၎င်းမီဒီယာကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ တိကျစွာဖြေကြားခြင်းမရှိဘဲ အယ်ဒီတာကိုဆက်သွယ်မေးမြန်းဖို့ဖြေကြားပါတယ်။
ပါတီဝင်တွေနှုတ်ထွက်ခြင်းမရှိကြောင်း ခင်ဦးမြိုနယ်ပါတီအတွင်းရေးမှူး ဦးခင်မောင်သန်းက အခုလိုရှင်းပြပါတယ်။
"ပါတီဝင်တစ်ဦးတစ်ယောက်မှ နှုတ်ထွက်ခြင်းမရှိပါဘူးခင်ဗျာ၊ ထွက်ပြေးတိမ်းရှောင်နေတာတော့ရှိပါတယ်၊ အဲ့ဒီလိုထွက်ပြေးတိမ်းရှောင်နေရသူတွေကို ကျွန်တော်တိုပါတီကနေပြီး ထောက်ပံ့ပေးတာ၊ စောင့်ရှောက်တာဝန်ယူပေးနေတာတွေတော့ရှိပါတယ်။ People media ကတင်လာတာ သတင်းအမှားသာဖြစ်ပါတယ်"
ယခုကိစ္စနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမြတ်မျိုးညွှန့် ကလည်း အခုလိုအတည်ပြုပေးပါတယ်။
"ပါတီဝင်နှုတ်ထွက်စာတင်တာ မြိုနယ်ပါတီရုံးမှာရော ခရိုင်ပါတီရုံးမှာရော တစ်စောင်မှမရှိပါဘူး၊ သတင်းအမှားတွေသာဖြစ်ပါတယ်" လို အတည်ပြုဖြေကြားပေးပါတယ်။
ပြည်ခိုင်ဖြိုးပါတီဝင်များအနေဖြင့် ဥပဒေဘောင်အတွင်းကဖြင့်သာ နေထိုင်ကြခြင်းဖြစ်ပြီး ဥပဒေမဲ့တုန့်ပြန်ခြင်းများလုံးဝ (လုံးဝ) မရှိဘဲပါတီ၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်းလုံးညီညွှတ်စွာ ရပ်တည်နေကြပါတယ်။
ယခုလိုအခြေအမြစ်မရှိတဲ့ သတင်းတွေရေးနေတဲ့ people mediaကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ အဲ့ဒီမီဒီယာက တာဝန်ရှိသူတွေကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။
သတင်း တမာန်
#HNO