အထောက်အထားများနှင့်တကွပြသမည်
မြန်မာနိုင်ငံရှိပြည်သူများအနေဖြင့် နေ့စဉ်သတင်းမှန်များကိုဖတ်ရှုလေ့လာနားထောင်သင့်သည်။ မြန်မာနိုင်ငံရေးဖြစ်စဉ်ကို ထဲထဲဝင်ဝင်လေ့လာမည်ဆိုပါက မည်သည့်အဖွဲအစည်းသည် အဖျက်သမားဖြစ်၍ မည်သည့်အဖွဲအစည်းသည်ကား တိုင်းပြည်ကောင်းကျိုးကို အစဉ်တစိုက်သယ်ပိုးလျက်ရှိသည်ကို ထင်ရှားသိမြင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့်ပေါ်ပေါက်လာရခြင်း ဖြစ်သည်မှာ အမှန်တရားဖြစ်သည်။ မဲစာရင်းမှားယွင်းမှုအား အချက်အလက်အထောက်အထားခိုင်ခိုင်လုံလုံဖြင့် စစ်ဆေးတွေ့ရှိချက်များကို ဇူလိုင် ၂၆ ရက်နေ့ ပြည်သူများထံသို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးတွင်လည်းကောင်း ဤမျှအရုပ်ဆိုးအကျည်းတန်လွန်းသော မဲမသမာမှုမရှိခဲ့ပေ။ ထိုကိစ္စရပ်နှင့်ပတ်သက်၍ အာဏာရှိစဉ်ကတည်းက ဖြေရှင်းပေးသင့်ပါလျက် မဖြေရှင်းဘဲနေခဲ့သည်မှာ နိုင်ငံအတွက် အမှားကြီးတစ်ခုဖြစ်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ခိုင်လုံသောအထောက်အထားဖြင့် မဲမသမာမှုမရှိကြောင်း ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမဲမသမာမှုများကို အကြိမ်ပေါင်းများစွာ သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
သြဂုတ်လ ၇ ရက်က ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၁၃/၂၀၂၁)သို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် တက်ရောက်အမှာစကားပြောကြားရာ၌ “ အထွေထွေရွေးကောက်ပွဲသည် သမ္မတရွေးချယ်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ပြီး သမ္မတက အစိုးရအဖွဲဖွဲစည်းခြင်း၊ တရားသူကြီးများ စသည်ဖြင့် အတည်ပြုခန့်အပ်ရခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတိုကို ဆောင်ရွက်ရသူများဖြစ်သဖြင့် မဲစာရင်းမှားယွင်းမှုများဖြင့် ရွေးချယ်ခံရခြင်းသည် တရားမျှတမှုမရှိကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိမှုများအား ရှင်းလင်းပေးရန်အတွက် ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှုမရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကိုဖိတ်ခေါ်၍ အထောက်အထားများနှင့်တကွပြသသွားမည်ဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မြန်မာနိုင်ငံအတွင်းရှိပြည်သူအများစုက သိရှိနားလည်သဘောပေါက်လာကြပြီဖြစ်သည်။ တချိုသောဝန်ထမ်းများသည် အမှန်ကိုမသိရှိဘဲ မဲမသမာမှုပြုထားသူ၏ လှုဆော်သွေးထိုးမှုတွင်ပါဝင်ခဲ့ကြသည်။ လုပ်ငန်းခွင်ကို ကျောခိုင်းထွက်ခွာသွားခဲ့ကြသည်။ ယခုတော့ သူတို၏ လက်တွေ့ဘဝတွင် အခက်အခဲပေါင်းမျိုးစုံကြုံနေရသည်။ သူများသွေးထိုးလှုဆော်မှုကိုယုံကြည်၍ မိမိတိုဘဝနစ်မွန်းခဲ့ရသည်။ နိုင်ငံတော်အစိုးရက ပြစ်မှုကြီးများကျူးလွန်ခြင်းမရှိသူများ စိတ်အေးချမ်းသာစွာပြန်လာကြရန် ဖိတ်ခေါ်လျက်ရှိသည့်အတွက် ပြန်လည်ဝင်ရောက်လာကြပြီဖြစ်သည်။ ရန်သူပင်လျှင် လက်နက်ချလျှင် ကျေအေးရသည့်ဖြစ်ပေရာ မိမိတိုနိုင်ငံသူ၊ နိုင်ငံသားများအတွက်ကား နိုင်ငံတော်အစိုးရအနေဖြင့် စေတနာ၊ မေတ္တာတရားကြီးမားစွာထားရှိပါသည်။
အထက်တွင်ကောက်နုတ်တင်ပြထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အမှာစကားမှာ NLD ပါတီအနေဖြင့် မဲမသမာမှုရှိနေသည်မှာ အမှန်ဖြစ်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ သံတမန်များကိုဖိတ်ခေါ်၍ ပြသဦးမည်ဖြစ်ကြောင်း ခိုင်ခိုင်မာမာပြောဆိုခြင်းဖြစ်သည်။ လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးမှုဝါဒအရ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် အာဆီယံအဖွဲဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမူဘောင်အတွင်းမှသာ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် အချိုသောနိုင်ငံများအနေဖြင့် သတင်းအမှန်၊ ဖြစ်ရပ်အမှန်ကို သိသင့်သလောက်မသိရှိကြပေ။ အချိုနိုင်ငံများက မသိချင်ယောင်ဆောင်ကာ အစိုးရကိုဆန့်ကျင်ပုန်ကန်နေသူများကို အားပေးနေသည်။ ထိုသူများသည် ပြည်သူတစ်ရပ်လုံးက အော့ကြောလန်နေသည့်အကြမ်ဖက်သမားများဖြစ်သည်။ ထိုအကြမ်းဖက်သမားတိုကို လက်သပ်မွေးကာ သွေးထိုးမြှောက်ပင့်နေခြင်းသည် မြန်မာနိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်လာမည်မဟုတ်ပေ။ နိုင်ငံတော်အစိုးရအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ မိမိတိုနိုင်ငံကိုတည်ငြိမ်စွာဖွံဖြိုးတိုးတက်လာအောင် ဆောင်ရွက်နေပါသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း အထူးတလည်ဆောင်ရွက်လျက်ရှိသည်။ အရေးပေါ်ကာလ ကုန်ဆုံးသည့်အခါ ဥပဒေနှင့်အညီ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း ခိုင်မာစွာကတိပြုထားပြီးဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကို နိုင်ငံတစ်ကာကသိရှိအောင် ခိုင်ခိုင်မာမာထပ်မံချပြတော့မည်ဖြစ်ပေရာ အချိုသောပြည်သူများအနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်အမှန်သိရှိအောင် လေ့လာကြပါရန် တိုက်တွန်းလိုက်ရပါကြောင်း..........
#MWDNEWEditorial