ညောင်ဦးခရိုင်အတွင်းရှိ လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းအား ကြည့်ရှု စစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ - ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန (ရေအရင်းအမြစ်) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်း အား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးသည်။