NLD, PDF အကြမ်းဖက်သမားသမားများက ရှောင်တိမ်းနေကြသော အပြစ်မဲ့ ပြည်သူများကို လာရောက်ပစ်ခတ်သတ်ဖြတ်ရာ အပြစ်မဲ့ ပြည်သူ ၃ဦးထက်မနည်းသေဆုံး
တန့်ဆည်၊ အောက်တိုဘာ ၉
တန့်ဆည်မြိုနယ်၊ ကပေါင်းကျကျေးရွာတွင် NLD, PDF များ ဆိုးဝါးသောင်းကြမ်းလျက်ရှိရာ အပြစ်မဲ့ ပြည်သူများမှာ တိမ်းရှောင်နေကြရပြီး တိမ်းရှောင်နေရာသို NLD, PDF အကြမ်းဖက်သမား (၃၀)ခန့် ရောက်ရှိလာပြီး အပစ်မဲ့ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရာ အသက်(၇၀)ကျော်အရွယ် အဖိုးအိုတစ်ဦး၊ အဖွားအိုတစ်ဦး အပါအဝင် (၃)ဦး ထက်မနည်း သေဆုံးကြောင်း၊ အခြားသူများမှာ ထွက်ပြေးတိမ်းရှောင်ကြရာ PDF အကြမ်းဖက်သမားများလက်ထဲမှ လွတ်မြောက်ခြင်း ရှိ/ မရှိ မသိရသေးကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်ပြောကြားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ " သတင်းကတော့ အတော့်ကို စိတ်နာစရာ ကောင်းပါတယ်။ တိမ်းရှောင်နေကြတဲ့သူတွေကို NLD, PDF တွေက လာပြီး ပစ်သတ်သွားကြတယ်ဗျာ။ ဒီည (၇)နာရီ ဝန်းကျင်လောက်က လာပြီး ပစ်သတ်သွားကြတာ။ အဖိုးအိုတစ်ဦးဆိုရင် ဦးဆေးကြိုင်၊ အဖွားအိုက ဒေါ်စောကြည် အသက်(၇၀)ကျော်အရွယ်တွေ ပြေးလည်း မပြေးနိုင်ကြဘူး။ PDF တွေက ရောက်လာပြီးတော့ အမေးအမြန်းမရှိ တွေ့ရာမြင်ရာ ပစ်သတ်သွားကြတယ်ဗျာ။ သတ်ခံရတဲ့အထဲမှာ တင်ထွန်းနိုင်ဆိုတဲ့ တစ်ယောက်ကို စကာပေါက်ဖြစ်အောင်ကို ပစ်သတ်သွားကြတာတဲ့။ အချက်ပေါင်းတော့ ပြောမနေနဲ့တော့။ ဒီ့အပြင် ဘယ်သူတွေ အသတ်ခံရသေးသလဲဆိုတာ အတည်မပြုနိုင်သေးဘူး။ ဒီထက်ပိုများဖိုပဲ ရှိတယ်။" ဟု ဆက်သွယ်ပြောဆိုသည်။
တန့်ဆည်မြိုနယ်၊ ကပေါင်းကျကျေးရွာမှ NLD, PDF အကြမ်းဖက်သမားများသည် ကျေးရွာတွင်းရှိ USDP ပါတီဝင်များ၏ နေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှိခြင်းများ စတင်ဆောင်ရွက် အကြမ်းဖက်ခဲ့ကြပြီး ကိုကျော်မျိုးသက်ဆိုသူကို လှည့်ဖျားခေါ်ဆောင်၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထပ်မံ၍ ရွှေတွင်းတွင် အလုပ် လုပ်နေကြသော ဦးဝင်းထိန်၊ ဦးမောင်ဟန်တို ၂ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထပ်မံ၍ ဦးစန်းဝင်း မိသားစု (၅)ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ ထပ်မံ၍ တန့်ဆည်မြိုနယ် ကံထူးမကျေးရွာတွင် ရဲတပ်ဖွဲဝင် မိသားစု (၆)ဦးကို အစုလိုက် အပြုံက်လိုက် သတ်ဖြတ်ပြီး နေအိမ်ကိုပါ မီးရှိသွားခဲ့ကြသည်။
ယနေ့ည NLD, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုအတွင်း အဖိုးအို၊ အဖွားအို အပါအဝင် (၃)ဦး သေသည်ဟု အတည်ပြု သိရှိရပြီး အခြားသော ထွက်ပြေးနိုင်သူများ ထွက်ပြေးတိမ်းရှောင်နေကြရာ NLD, PDF အကြမ်းဖက်သမားများလက်မှ လွတ်မြောက်ခြင်း ရှိ/ မရှိ အတည်မပြုနိုင်သေးကြောင်း ဒေသခံ သတင်းများအရ သိရသည်။
#MyanmarNationalPost