နီပိတ်တွေ နှစ်ခေါက်ပြန်ဖတ်သင့်တဲ့အချက်
EU ပါလီမန်က တောင်းဆိုချက်ထဲမှာ နံပါတ် ၅ အချက်က ဘာလဲ ဆိုတော့
"မြန်မာ့လူထုရဲ့ ဒီမိုကရေစီရေးရာ ဆန္ဒများအတွက် တရားဝင်ကိုယ်စားလှယ်များအဖြစ် CRPH နဲ့ NUG ကိုသာ ထောက်ခံပါတယ်။
ယခုအကြပ်အတည်းကို တရားဥပဒေ စိုးမိုးမှုကို လေးစားမှုနဲ့အညီ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို ဦးတည်မယ့် အဖွဲအားလုံးပါဝင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးစကားဝိုင်းထဲမှာ nug နဲ့ crphကို ပါဝင်ဖို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တောင်းဆိုပါတယ်။"
ဆိုပြီး ဖြစ်ပါတယ်။
NUG ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ် "recognize" ဆိုတဲ့စကားလုံးမပါဝင်ပါ။ ပြီးတော့ pdf လက်နက်ကိုင်တွေနဲ့ပတ်သက်ပြီးလည်း ဖော်ပြမှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကိုထောက်ခံကြောင်းလည်း မပါရှိပါ။
အဓိက ကတော့ "တရားဥပဒေစိုးမိုးမှုကို လေးစားပြီး" ဆိုတဲ့စကားပါ။
အချုပ်အားဖြင့်ဆိုသော် EU က နိုင်ငံရေးစကားဝိုင်းမှာ nugကိုပါ ခေါ်ပြီးဆွေးနွေးကြဆိုပြီး အာဆီယံကို တောင်းဆိုလိုက်တာပါပဲ။ ဒီထက်မပို။
Supports the CRPH and the NUG as the only legitimate representatives of the democratic wishes of the people of Myanmar, and calls on the Association of Southeast Asian Nations (ASEAN) and the international community to include and involve them in genuine and inclusive political dialogue and efforts aimed at the peaceful resolution of the crisis based on respect for the rule of law;
#HNO