“ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ”
တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော ဆောင်ပုဒ်ပေါ်ထွန်း ခဲ့သည်မှာ နှစ်ကာလအားဖြင် ရှည်ကြာခဲ့ပြီဖြစ်သည်။ နှစ်ကာလတွေမည်သိုပင်ရှည်ကြာ ပါစေ နိုင်ငံတော်အတွက် မရိုးနိုင်သော အသိပေးဆောင်ပုဒ်တစ်ခုဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံအတွက် ထိုနိုင်ငံရှိ တပ်မတော်သည် အင်အားတောင့်တင်းခိုင်မာကျစ်လျစ်မှု မရှိလျှင် ထိုနိုင်ငံ၏အနာဂတ်သည် ဘေးဒုက္ခများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။ မြန်မာ တိုအတွက် သမိုင်းသစ်သင်ခန်းစာပေါင်းများစွာ ရှိခဲ့ပြီးဖြစ်သည်။ တပ်မတော်အင်အား ရှိသည့်အခါတိုင်း မြန်မာတိုဂုဏ်သိက္ခာမြင့်မားခဲ့သည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်များပေါ်ထွန်းခဲ့ခြင်းသမိုင်းကြောင်းမှာ ရှေးအစဉ်အဆက်ဘိုးဘေးဘီဘင်များက လုပ်ကြံဖန်တီးရေးသားခဲ့သော သမိုင်းမဟုတ်ပါ။
ထိုအတူ တပ်မတော်အင်အားမရှိသောအခါ သိုတည်းမဟုတ် စွမ်းရည်မရှိသော အခါ ပထမမြန်မာနိုင်ငံတော်သည် နရသီဟပတေ့မင်းလက်ထက်တွင်လည်းကောင်း၊ ဒုတိယမြန်မာနိုင်ငံတော်သည် ဟံသာဝတီရောက်မင်းလက်ထက်တွင်လည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်သည် ရတနာဂီရိရောက်မင်းလက်ထက်တွင်လည်းကောင်း ပြိုကွဲသွားခဲ့သည်။ ဤသည်မှာလည်း သမိုင်းအစစ်အမှန်ဖြစ်သည်။ ဤဖြစ်ရပ်များကို သုံးသပ်ကြည့်လျှင် နိုင်ငံတစ်ခုအတွက် တပ်မတော်သည် အင်အားရှိနေမှဖြစ်မည်ဟူသော အဖြေမှန်ကိုရရှိသည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးရရှိပြီး သမိုင်းဖြစ်စဉ် များတွင်လည်း ထိုအဖြေသည် မှန်ကန်လျက်ရှိကြောင်း တွေ့မြင်ရမည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရအရေးပါမှု၊ သယံဇာတပေါကြွယ်မှု တိုကြောင့် ပြည်ပနိုင်ငံအချိုက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိသည်။ ထိုသိုခြယ်လှယ်နိုင်ရန်အတွက် သူတို အဓိကလုပ်ဆောင်ရမည်မှာ မြန်မာ့တပ်မတော်ပြိုကွဲရေး၊ အင်အားချည့်နဲ့ရေးဖြစ်သည်။ ဤသည်ကို မျိုးချစ်စိတ်ရှိသူခေါင်းဆောင်တိုင်းက သိရှိပြီးဖြစ်သည်။ ထိုကြောင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုရေးဆွဲခဲ့သော ဖွဲစည်းပုံအခြေခံဥပဒေတွင် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍထည့်သွင်းထားခြင်းဖြစ်သည်။ ပုဒ်မ ၂၀ (က) တပ်မတော်သည် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သောခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ် တပ်မတော်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်မှာ တပ်မတော်အင်အားရှိနေစေရေးဖြစ်သည်။ တစ်နည်းအားဖြင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိနေရေးကို မျှော်မှန်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေသူများမှာ ဉာဏ်အမြော် အမြင်လွန်စွာနည်းပါးသူများဖြစ်သည်။ အနောက်နိုင်ငံအချိုက မြန်မာနိုင်ငံတွင် တပ်စခန်း ဖွင့်ရန်ကြိုးစားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်။ ထိုကြောင့် နိုင်ငံတော်ဖွဲစည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂(ခ)တွင် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲကိုမျှ တပ်ချခွင့်မပြုဟူ၍ အတိအလင်းထည့်သွင်းရေးဆွဲထားသည်။ ပုဒ်မ ၂၀ (က) နှင့် ပုဒ်မ ၄၂ (ခ)တိုသည် မြန်မာနိုင်ငံတော်ကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပြဋ္ဌာန်းခြင်းဖြစ်သည်။ ဤပြဋ္ဌာန်းချက်မှန်ကန်ကြောင်း ယနေ့အချိန်အခါတွင် တွေ့မြင် နေရသော ကမ္ဘာ့သတင်းများက အတည်ပြုနေသည်။ သက်သေပြစရာ နိုင်ငံပေါင်းများစွာ ရှိသည့်အနက် ယခုလတ်တလောဖြစ်ပျက်နေသော နိုင်ငံတစ်နိုင်ငံကို မီးမောင်းထိုး သက်သေပြလိုပါသည်။
ဩဂုတ် ၁၄ ရက် နိုင်ငံတစ်ကာသတင်းတစ်ပုဒ်တွင် “ အမေရိကန် ဦးဆောင်သော နိုင်ငံစုံတပ်ဖွဲများက အာဖဂန်နစ္စတန်နိုင်ငံအတွင်း နှစ်ပေါင်း ၂၀ ကြာ တပ်စွဲပြီးနောက် ယခုအခါ ထိုနိုင်ငံမှပြန်လည်ထွက်ခွာနေသည့်အတွက် တာလီဘန်တိုက နိုင်ငံ၏ ပိုင်နက်နယ်မြေအများအပြားကို သိမ်းပိုက်နိုင်လာသည်။ ယခုကဲ့သို ဖြစ်ပွားမှုသည် ကမ္ဘာ့အင်အားကြီးနိုင်ငံအတွက် မျက်နှာပျက်အရှက်ရဖွယ်ဖြစ်ကြောင်း သံတမန်များက ယူဆထားသည်။ လက်ရှိတွင် တာလီဘန်တို၏ ကြီးမားလှသည့်တိုက်စစ်အဟုန်ကို အာဖဂန်နစ္စတန်အစိုးရအပါအဝင် အနောက်နိုင်ငံများက အံ့အားသင့်ရသည် ” ဟု ဖော်ပြ ထားသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲများက သြဂုတ်လကုန်ပိုင်းတွင် အပြီးတိုင်ဆုတ်ခွာကြမည်ဖြစ်သည်။ ဒုက္ခနှင့်ရင်ဆိုင်ကြုံတွေ့နေသော အာဖဂန်နစ္စတန် နိုင်ငံသားများ၏ သတင်းပုံရိပ်များကို နိုင်ငံတစ်ကာသတင်းမီဒီယာများတွင် သနားစဖွယ် တွေ့မြင်နေကြရသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသောအဆိုကို လက်တွေ့မျက်မြင်သက်သေပြလိုခြင်းကြောင့်သာ ဖော်ပြခြင်းဖြစ်သည်။ ဤသည်ကို သင်ခန်းစာယူလျက် တပ်မတော်ပြိုကွဲရေးကို ကြိုးပမ်းလုပ်ဆောင်နေသူများ၏ အန္တရာယ် ကို ကာကွယ်တိုက်ဖျက်ကြပါ။ မြန်မာနိုင်ငံတွင် မရှိမဖြစ်သောတပ်မတော်ကို ဖွဲစည်းပုံ အခြေခံဥပဒေတွင်ပါရှိသည့်အတိုင်း “ တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော် ” ဖြစ်အောင် ကြိုးပမ်း ကြပါဟူ၍ တိုက်တွန်းလိုပါကြောင်း............
#MWDNEWEditorial