ရေတာရှည်မြို့နယ်တွင် အပြစ်မဲ့ပြည်သူတစ်ဦးကို NLDအစွန်းရောက် ၂ ဦးမှ သေနတ်ဖြင့်ပစ်ခတ်
MHT News (Oct- 9)
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တုန်းကြီးကျေးရွာတွင် အောက်တိုဘာ ၈ ရက်၊ ည ၈ နာရီအချိန် ခန့်က ဦးသာလှ၏နေအိမ်သို့ NLD အစွန်းရောက် ၂ ဦးရောက်ရှိလာပြီး ဦးသာလှကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရသိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသာလှတွင် လက်မောင်းနှင့် ရင်ဖတ်တို့တွင် ဒဏ်ရာရရှိခဲ့သဖြင့် တောင်ငူဆေးရုံသို့ တင်ပို့ခဲ့ရပြီး ဒဏ်ရာရရှိသူ ဦးသာလှ၏ ပြောပြချက်အရ ၎င်းအား သေနတ်ဖြင့် လာရောက်ပစ်ခတ်သူမှာ တစ်ရွာတည်းနေ မြင့်လွင်ဦး(တိမ်းရှောင်) ဆိုသူနှင့် အမည်မသိ (တိမ်းရှောင်) တို့ဖြစ်ကြောင်း သိရသည်။
တုန်းကြီးကျေးရွာတွင် စာသင်ကျောင်းများ ဖွင့်စကလည်း ကျေးရွာစာသင်ကျောင်း၌ ဗုံးကွဲခဲ့ဖူးကြောင်း သိရပြီး မြင့်လွင်ဦးဆိုသူမှာ စာသင်ကျောင်း ဗုံးကွဲပြီးကတည်းက ရွာမှတိမ်းရှောင်နေသူဖြစ်ကြောင်း သိရသည်။