ပန်ဆိုင်း(ကြူကုတ်)မြိုတွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ ပန်ဆိုင်း၊ အောက်တိုဘာ ၉

ပန်ဆိုင်း(ကြူကုတ်)မြိုတွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ပန်ဆိုင်း၊ အောက်တိုဘာ   ၉

     ရှမ်းပြည်နယ် ( မြောက်ပိုင်း)  ၊ မူဆယ်ခရိုင် ၊ ပနဆိုင်း(ကြူကုတ်)မြိုြ့ပည်သူ့ဆေးရုံတွင်  အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) တတိယ အသုတ် (ပထမအကြိမ်)ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 အဆိုပါကာကွယ်ဆေးကို ထိုးနှံပေးရာတွင်၇ရက်နေ့တွင်(၅၆၄)ဦး၊၈ရက်နေ့တွင်(၇၁၂)ဦး၊၉ရက်နေ့တွင်(၅၄၈)ဦးစုစုပေါင်း(၁၈၂၄)ဦးကို ကို  ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ လက်သန့် ဆေးရည်ဖြင့် သန့်စင်စေခြင်း ၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း များကို ကျန်းမာရေး ဝန်ထမ်းများ ၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ ၊ ကြက်ခြေနီတပ်ဖွဲဝင်များက  စနစ်တကျ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း မြိုနယ် ကိုဗစ်-၁၉ ရောဂါ ာကွယ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီမှ သိရသည်။

သတင်း - အိဖြူ(ပန်ဆိုင်း)
#MyanmarNationalpost

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၄)