NLD အကြမ်းဖက်အုပ်စုက ဆန္ဒပြပွဲများတွင် ကလေးငယ်များအား အသုံးချနေသည်ကို တွေ့မြင်ရ

ယင်းမာပင်၊ အောက်တိုဘာ ၁၁

NLD, PDF အကြမ်းဖက်အုပ်စုသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် လှုဆော်နေကြပြီး ၎င်းတို၏ ဆူပူအကြမ်းဖက် လုပ်ရပ်များတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များကိုပါ အသုံးချနေသည့်အပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

NLD လွှတ်တော်အမတ်ဟောင်းများ ဦးဆောင်ဖွဲစည်းထားသော CRPH, NUG အကြမ်းဖက်အဖွဲမှ ခေါင်းဆောင်များသည် ပြည်ပြေးများအဖြစ် ပြည်ပနိုင်ငံများသို ခိုလှုသွားကြပြီး မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆူပူအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ၎င်းတိုနှင့် တသားတည်းရှိနေသည့် အကြမ်းဖက်လှုဆော်သတင်းဌာနများမှ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လှုဆော်နေခြင်းဖြစ်သည်။

ယင်းမာပင်မြိုနယ်၊ ဘိန်းနွယ်ချောင်ရွာတွင် ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့က NUGအကြမ်းဖက်အဖွဲကို ထောက်ခံသူများက သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ ဓာတ်ပုံရိုက်၍ အကြမ်းဖက်လှုဆော်သတင်းဌာနများသို ပေးပိုခဲ့ရာတွင် ကလေးငယ် အများအပြားကို ဆူပူဆန္ဒပြမှုအတွင်း ထည့်သွင်း အသုံးပြုထားသည်ကို မြင်တွေ့ရသည်။

NLDပါတီသည် မဲမသာမှုများကြောင့် အာဏာလက်လွှတ်ခဲ့ရပြီးနောက်ပိုင်း CRPH, NUG အကြမ်းဖက်အဖွဲများကို ထူထောင်ကာ ပြည်ပမှ တရားမဝင် ရရှိသော လက်နက်၊ ငွေကြေးအထောက်အပံ့များဖြင့် ၎င်းတိုအား ထောက်ခံသူများကို အကြမ်းဖက်သမားများအဖြစ် အသုံးချ၍ ၎င်းတိုအား ထောက်ခံအားပေးခြင်းမရှိသော ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခိုင်းနေကြခြင်း ဖြစ်သည်။

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်သည့် ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများတွင် အသက် ၁၅၊ ၁၆၊ ၁၇ နှစ် အရွယ် လူငယ်များကိုပါ မူးယစ်ဆေးများ အသုံးပြုစေပြီး အကြမ်းဖက်သမားများအဖြစ် အသုံးချခိုင်းစေနေသည်ကို စိစစ်တွေ့ရှိခဲ့ရသည်။

#MyanmarNationalPost








Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)